Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးမှုအပေါ် အမေရိကန် ၊တောင်ကိုးရီးယား၊ဂျန်ပန်နိုင်ငံတို့ စိုးရိမ်မှုမြင့်တက်

ABN-နွယ်စိုး

စက်တင်ဘာ ၂၃ ရက်

ဂျန်ပန်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ အမေရိကန်နိုင်တို့အနေဖြင့် ရုရှားနိုင်ငံနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံကြား လက်နက်ဆိုင်ရာကုန်သွယ်မှုကိစ္စအပါအဝင် စစ်ရေးပူးပေါင်းမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခြင်းအပေါ်မှာ စိုးရိမ်မှုများရှိနေသည်ဟု တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ပြီးခဲ့သည့် သတင်းပတ်က ရုရှားနိုင်ငံသို့ တပတ်ကြာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ကာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

အဆိုပါ ခေါင်းဆောင််နှစ်ဦး ဆွေးနွေးခဲ့ခြင်းနှင့်ပတ်သက်၍ တောင်ကိိုရီးယားနိုင်ငံခြားရေး ဝန်ကြီးPark Jin၊ ဂျန်ပနိနိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နှင့် အမေရိကန်နိုငင်ံခြားရေးဝန်ကြီးတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဥပဒေ ကိုချိုးဖောက်ပြီး ဒေသအတွင်း လုံခြုံရေးကို ခြိမ်းခြောက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသား လက်တုံ့ပြန်ရန် သဘောတူခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရုားအနေဖြင့် ယူကရိန်းစစ်ပွဲအတွင်း လက်နက်သိုလှောင်မှုမှာ လျော့နည်းသွားသည့်အတွက် ပြန်လည်ဖြည့်တင်းရန်အတွက် မြောက််ကိုးရီးယားနိုင်ငံမှ ခဲယမ်းမီးကျောက်များ ဝယ်ယူရန် အစီစဥ်ရှိခြင််းအပေါ်မှာလည်း အမေရိကန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများက စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ရုရှားနိုင်ငံအား ယူကရိန်းစစ်အတွင်း လက်နက်များ ကူညီပေးခဲ့လျှင် တောင်ကိုရီယားနှင့် တိုက်ရိုက်ရန်စမှုဖြစ်လာမည်ဖြစ်ပြီး ဆိုးလ်နှင့် ၎င်း၏ မဟာမိတ်များကလည်း ရပ်တည်မည်မဟုတ်ကြောင်း တောင်ကိုးရီးယား သမ္မတ Yoon Suk Yeolက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ