Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှားတွင် ဖမ်းဆီးခံထားရသည့် ဝေါလ်စထရိဂျာနယ်မှ သတင်းထောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို

ABN-ရှိုင်းမိုး

ရုရှား FSB က ဖမ်းဆီးထားသည့် Wall Street ဂျာနယ်မှ သတင်းထောက် Evan Gershkovich ကို ချက်ခြင်းပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည်။

“ ရုရှားမှာ သတင်းယူနေတုန်းဖမ်းဆီးခံလိုက်ရတဲ့ ကျနော်တို့ရဲ့ အလုပ်ဖော် အီဗန်ကို ချက်ချင်းလွှတ်ပေးဖို့တောင်းဆိုပါတယ်။ အီဗန်လို ကြောက်စိတ်မရှိတဲ့ သတင်းထောက်တွေကြောင့်သာ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ ကျနော်တို့သိရတာပါ။ အီဗန်ရဲ့ ဖြစ်ရပ်ဟာ လွတ်လပ်တဲ့ မီဒီယာကို အဆိုးဝါးဆုံးသော စော်ကားမှုပဲ ဖြစ်ပါတယ်။ သတင်းထောက်က သတင်းထောက်အလုပ်ကို ပုံမှန်လုပ်နေတာကို မဖမ်းသင့်ဘူး” ဟု WSJက Twitter မှာ ထုတ်ပြန်ထားသည်။

WS ဂျာနယ် သတင်းထောက် Evan Gershovish ကို အမေရိကန်အစိုးရအား သတင်းပေးသည့် Spy ဟုစွပ်စွဲပြီး ရုရှားက ဖမ်းဆီးထားခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ၂လကြာထိန်းသိမ်းထားမည်ထုတ်ပြန်ခဲ့ပြီး၊ ၂လထက် သက်တမ်းပိုတိုးလာနိုင်သည်ဟုလည်း မော်စကိုမြို့၏ Lefortovsky ခရိုင်တရုံးကထုတ်ပြန်သည်။

Wall Street Journal သတင်းထောက်အား ပြန်လွှတ်ပေးရန် အမေရိကန်သမ္မတကလည်း တောင်းဆိုထားသည်။

Evan Gershkovich မှာ ယခုနှစ် မတ်လအတွင်း ရုရှား FSB အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။

ရုရှားတွင် ဖမ်းဆီးခံထားရသည့် ဝေါလ်စထရိဂျာနယ်မှ သတင်းထောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ