Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှားက ယူကရိန်းနှင့် ညှိနှိုင်းရန်အဆင်သင့်ရှိကြောင်းပြော

ရုရှားက ယူကရိန်းအပါအဝင် နှစ်နိုင်ငံစစ်ပွဲတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ညှိနှိုင်းရန် အဆင်သင့်ရှိနေပြီဟု ပြောထားသော်လည်း Kyivနှင့် အနောက်နိုင်ငံများက ညှိနှိုင်းမှုကို ငြင်းဆန်လျက်ရှိနေ သေးကြောင်း သမ္မတ ဗလာဒီမာ ပူတင်က စနေနေ့က တိုက်ရိုက်အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

ရုရှား၏ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး ဥရောပပဋိပက္ခကို အစပျိုးခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ကျူးဘားဒုံးကျည်အရေးအခင်းကတည်းကပင် အနောက်နိုင်ငံများနှင့် မော်စကိုကြားက အကြီးမားဆုံးသော ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်သည်။

ထို့အတွက်ကြောင့် ယခုစစ်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်မှုမှာ အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။

Kyivက သူတို့၏ နယ်မြေပိုင်နက်ထဲက ရုရှားစစ်သားများ မထွက်ခွာမချင်း ရပ်တန့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့စဉ် Kremlinနန်းတော်ကလည်း သူတို့၏ ရည်မှန်းချက်အတိုင်း အောင်မြင်မှုမရမချင်း တိုက်ပွဲဝင်သွား မည်ဟု ပြောကြားထားသည်။

ကျွန်တော်တို့က လက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်ပေးပြီး ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့်ပါပဲ၊ ဒါပေမဲ့ သူတို့အပေါ်မှာပဲ မူတည်တာပါ၊ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းနေတာက ကျွန်တော်တို့ မဟုတ်ပါဘူး၊ သူတို့ပါ ဟု ပူတင်က နိုင်ငံပိုင်သတင်းဌာနတွင် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်စကီး၏ အကြံပေးက ယခင်က ဆွေးနွေးဖို့ကမ်းလှမ်းခဲ့မှုများကို အသိအမှတ်ပြုလက်ခံခြင်း မရှိခဲ့သည့်အတွက် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်စေလိုကြောင်း ပြောကြားလိုက်သည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်တာပါ၊ ပြီးတော့ ပြည်သူတွေကိုလည်း သတ်တယ်၊ သူတို့က ဆွေးနွေးမှုကို မလိုလားပါဘူး၊ တာဝန်လည်း ယူချင်စိတ်မရှိပါဘူး ဟု သမ္မတအကြံပေး မိကာလို ပိုဒိုရက်ခ်က တွယ်တာစာမျက်နှာ ပေါ်တွင် ဖော်ပြထားသည်။

ရုရှားက လျှစ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မှုက ယူကရိန်းပြည်သူ သန်းနှင့်ချီ၍ လျှစ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ခံစားနေရသည်။ ထို့အပြင် မော်စကိုသည် ၂၀၂၂အကုန်ပိုင်းတွင် တစ်နိုင်ငံလုံးကို အမှောင်ဖုံးသွားအောင်၊ အခက်အခဲရောက်သွားအောင် လုပ်လာနိုင်ကြောင်း သမ္မတ ဇလန်စကီးက ပြောခဲ့သည်။

ရုရှားက ဒီနှစ်မှာ ရှုံးနိမ့်တာတွေရှိခဲ့တယ်၊ မကောင်းမှုတွေက ဘယ်တော့မှ မအောင်နိုင်ဘူးဆိုတာကို ကျွန်တော်ယုံပါ တယ်၊ ဒါပေမဲ့ ဘယ်ခြေအနေပဲရောက်ရောက်၊ ဘာပဲကြုံရကြုံရ ကျွန်တော်တို့ အဲဒါတွေအတွက် အဆင်သင့် ရှိနေဖို့ လိုတယ် ဟု သူ၏ ညနေဖက် ရုပ်သံ အစီအစဉ်တစ်ခုတွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်တပ် ဗိုလ်မှူးကြီးက တစ်နိုင်ငံလုံးတွင် အဓိက အခြေခံအဆောက်အဦးများအား ဒုံးကျည်ဖြင့်သာမက လကွေောငျးကိုပါအသုံးပွုကာ တိုက်ခိုက်နေကြောင်း၊ ရုရှားတပ်သားများမှာ ရှေ့တန်းတစ်လျှောက်ရှိ ဒါဇင်နှင့် ချီသည့် မြို့များနှင့် ဒေသအများအပြားကို အမြောက်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဖေ့စ်ဘုတ်ခ်လူမှုကွန်ယက် စာမျက်နှာ တွင် ရေးသားခဲ့သည်။

Khersonဒေသ တောင်ဘက်မြို့တစ်မြို့တွင် စနေနေ့က တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၁၀ ယောက် အသတ်ခံခဲ့ရသည်ဟု ရဲအရာရှိများက ပြောကြောင်းနှင့် “ဒီလူသတ်သမား ရုရှားတွေကို ရှာဖွေမှာပါ ဟု ဇလန်စကီးက ကြွေးကြော်ခဲ့သည်။

အနောက်နိုင်ငံများ၏ ရုရှားအရေးတွင် ဝင်ရောက်စွပ်ဖက်မှုများကို ပူတင်က စွပ်စွဲပြောဆိုလိုက်သည်။

ကျွန်တော်တို့က အမှန်တရားကို ဦးတည်ပြီးလုပ်နေတယ်ဆိုတာကို ကျွန်တော်ယုံပါတယ်၊ ကျွန်တော်တို့က ကိုယ့်နိုင်ငံအကျိုးစီးပွား၊ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ကျွန်တော်တို့ လူတွေအတွက် လုပ်နေတာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ကာကွယ်ဖို့ဆိုရင် တခြားနည်းလမ်း မရှိပါဘူး ဟု ပူတင်က ပြောသည်။

အနောက်နိုင်ငံများအနေဖြင့် ပထဝီနိုင်ငံရေး ပဋိပက္ခများမှာ အန္တရာယ်များသည့် အဆင့်ကို ချည်းကပ်လာသလားဟု မေးမြန်းရာတွင် ပူတင်က ဒီကိစ္စက ဒီလောက်ထိလည်း အန္တရာယ်မများပါဘူး ဟု ပြောကြားခဲ့သည်။

Maidan တော်လှန်မှု ဆန္ဒပြပွဲများတွင် ရုရှားလိုလားသည့် သမ္မတတစ်ဦးကို ဖြုတ်ချတ်လိုက်ခြင်းကြောင့် အနောက်နိုင်ငံများအနေဖြင့် ၂၀၁၄ကတည်းကပင် ပဋိပက္ခကို စတင်နေခဲ့ကြောင်း ပူတင်က ဆက်ပြောခဲ့သည်။

မကြာမီအချိန်တွင်ပင် ခရိုင်းမီးယားကို သိမ်းပိုက်ပြီး ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားကျောထောက်နောက်ခံပြု တပ်ဖွဲ့များက စတင်သိမ်းပိုက်လာခဲ့သည်။

တကယ်တော့ အဓိကအချက်က သမိုင်းဝင်ရုရှားကို ခွဲထုတ်ဖို့ ရည်ရွယ်ထားတဲ့အချက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပထဝီဝင်နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ မူဝါဒလည်းဖြစ်တယ် ဟု ၎င်းကဆက်ပြောခဲ့သည်။

၁၉၉၁ ဆိုဗီယက်ယူနီယံပျက်သုဥ်းစဉ်ကပင် ရုရှားကို ဖျက်ဆီးဖို့ကြိုးစားနေကြသည့် အနောက်နိုင်ငံများကို မော်စကိုက အထူးစစ်ဆင်ရေးတစ်ရပ်အနေဖြင့် ယူကရိန်းပဋိပက္ခကို နောက်ဆုံးအနေဖြင့် ပူတင်က ဖော်ဆောင်လိုက်ခြင်းဖြင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများက သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး ရုရှားအနေဖြင့် တာဝန်ယူမှုတစ်ရပ် သို့မဟုတ် တရားမျှတမှု ဖော်ဆောင်ခြင်းမရှိကြောင်း ပြောသည်။

ပူတင်က ရုရှားသည် ပြိုင်ဘက်ကင်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သူ့ပြည်သူများ၏ အကောင်းဆုံးသော အားသာချက်က နိုင်ငံကို ကာကွယ်ချင်သည့်စိတ်ဓာတ်မှာ စည်းစည်းလုံးလုံးရှိခြင်းပင်ဖြစ်ကြောင်း ပြောခဲ့သည်။

အဓိကအပိုင်းကတော့ ကျွန်တော်တို့ ပြည်သူ ၉၉.၉ ရာခိုင်နှုန်းက အမိနိုင်ငံတော်အကျိုးအမြတ်အတွက် အရာရာ ပေးဆပ်ဖို့ အဆင်သင့် ရှိနေပါတယ်၊ ဒါက ကျွန်တော့်အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး ဟု ၎င်းက ပြောခဲ့သည်။

ဒီအချက်ကပဲ ရုရှားက ပြိုင်ဘက်ကင်းဆိုတာကို ကျွန်တော်ယုံကြည်တာပါ၊ ပြီးတော့ ကျွန်တော်တို့မှာ တကယ်တော်တဲ့ ပြည်သူတွေလည်း ရှိတယ်၊ ဒါက သမိုင်းတစ်လျှောက် တကယ့်ပြိုင်စံရှားပါပဲ

ရုရှားက ယူကရိန်းနှင့် ညှိနှိုင်းရန်အဆင်သင့်ရှိကြောင်းပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ