ABN- ရှိုင်းမိုး
ARSA အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့တို့အကြား ယနေ့ ဇန်နဝါရီ ၁၈ရက် နေ့လယ်က တိုက်ပွဲဖြစ်ခဲ့ကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မောင်တောမြို့နယ် တောင်ပြိုရွာအနီး ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အာဆာအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့အကြား ၁ နာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တောင်ပြို ရွာသားတစ်ဦးက ABN ကိုပြောသည်။
“ ပထမတော့ ရက္ခိုင့်တပ်တော်နှင့် ထင်ခဲ့တယ်၊ ဒါပေမယ့် မဟုတ်ပါဘူး။ ဘင်္ဂလာ နယ်ခြားစောင့်တပ်နှင့် အာဆာအဖွဲ့တို့ တိုက်ပွဲ ဖြစ်ကြတာပါ။ အများမကြာခဲ့ပါဘူး။ ၁ နာရီလောက်တော့ ပစ်ခတ်သံတွေ ကြားလိုက်ရပါတယ်။ ထိခိုက်မှုအခြေအနေကိုတော့ မသိပါဘူး” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ လကုန်ပိုင်းကလည်း AA ထိမ်းချုပ်ရာ ဒေသတွင်းသို့ အာဆာအဖွဲ့ ဝင်ရောက် နေရာယူလာခဲ့သောကြောင့် ရက္ခိုင့်တပ်တော်နှင့် အာဆာအဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ARSA အဖွဲ့ပုံဟောင်း
