Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် လူလတ်ပိုင်း ၁ ဦး ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတင်ကုသနေရပြီး ဆေးဆက်လက်ကုသရန် ငွေအကူအညီလိုအပ်နေ

ABN-ရှိုင်းမိုး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရခိုင်ပြည် ရသေ့တောင်မြို့နယ် ကြိမ်သာရွာမှ အသက် ၄၂နှစ်အရွယ် ဦးအောင်ဝင်း‌အေးသည် ကျောက်ကပ်ရောဂါဖြင့်ဆေးရုံတင်ကုသနေရပြီး ငွေကြေး မပြည့်စုံသည့်အတွက် ငွေကြေးအကူအညီ လိုအပ်နေသည်ဟု သိရသည်။

သူသည် ထိုင်းနိုင်ငံ မဟာချိုင်မြို့ ခေါင်စီဝါနယ်မြေတွင် နေထိုင်ကာ အလုပ်လုပ်နေသူဖြစ်ပြီး လက်ရှိတွင် ကျောက်ကပ်ရောဂါခံစားနေရသဖြင့် စမူဆာခွန်ဆေးရုံကြီးတွင် ဆေးရုံတတ်ကုသနေရသည်မှာ ၂လကျော်ကြာမြင့်နေပြီဖြစ်သည်ဟု သိရသည်။

“ဆေးရုံမှာ ဆေးကုသလို့လည်း မကောင်းဖြစ်နေပါတယ်။ ကျနော့်ကို ရွာသားတွေပဲဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ် ငဲ့ညှာပြီး ဆေးကုသဖို့အတွက် ကျနော့်ကို ငွေကြေးနည်းနည်းပါးပါး တတ်နိုင်သလောက် ထောက်ပံ့ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ရောဂါခံစားနေရသူကိုယ်တိုင် ဗီဒီယိုဖိုင်ဖြင့်အကူအညီတောင်းခံထားသည်ကို လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင်တွေ့ရသည်။

ဦးအောင်ဝင်းအေးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ၁၀ ကျော်ကြာနေပြီဖြစ်ကြောင်း ဇနီးဖြစ်သူ မဆန်းဆန်းခင်ကပြောသည်။

“သူရွာက အလုပ်လုပ်ဖိုထွက်သွားတာ ၁၀ ကျော်ရှိပါပြီ၊ ရွာကိုတခေါက်မှ ပြန်မရောက်သေးပါဘူး၊ ကျွန်မလည်း ပြန်လာဖို့ပြောပါတယ်၊ ဒါပေမယ့် သူက သားသမီးတွေရဲ့ရှေးရေးကိုကြည့်ပြီး အလုပ်လုပ်ရဦးမယ်လို့ပြောတယ်၊ သူနေမကောင်းဖြစ်တာမကြာသေးပါဘူး၊ ပထမတော့ နည်းနည်းဖြစ်တယ်။ ကျွန်မက အလုပ်တွေ ဘာတွေနားပြီးလုပ်လို့ပြောပါတယ်၊ ဒီရက်ပိုင်းအခြေနေက ပိုဆိုးသွားတယ်၊ ကျွန်မလည်း သူ့ကိုဆေးကုသဖိုငွေကိုဘယ်လိုရှာပြီးလွှဲပေးရမလဲမသိတော့ဘူး” ဟု ပြောသည်။

ဦးအောင်ဝင်းအေးတွင် ရသေ့တောင်မြို့နယ် ကြိမ်သာရွာတွင် ဇနီးနှင့် သားသမီး ၃ယောက်ရှိသည်။

ဦးအောင်ဝင်းအေးအား ကူညီထောက်ပံ့လိုသူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပတ်သို့အရင်ဆက်သွယ်ပြီးမှ ဘဏ်ကဒ်မှတဆင့် ထောက်ပံ့ကူညီနိုင်သည်။

အမည်-ဇော်မြင့်၊ ဖုန်းနံပါတ်-0628814191 ၊ ဘဏ်ကဒ်နံပါတ်-7342147647 (TTB) သို့ဆက်သွယ် ကူညီနိုင်ပါသည်။

ရခိုင်မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် လူလတ်ပိုင်း ၁ ဦး ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတင်ကုသနေရပြီး ဆေးဆက်လက်ကုသရန် ငွေအကူအညီလိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ