သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်ကမ်းခြေ၌ လူကုန်ကူးသမား ၅ ဦးနှင့်အတူ လူကုန်ကူးခံရသူ ၅၅ ဦးအား BGB  ဖမ်းဆီး



‎AB News – ဖေဖော်ဝါရီ ၂၂၊၂၀၂၆

‎ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနက်ဖ်( ရက္ခိုင်အခေါ်  ကယုချောင်း) မြို့နယ်၌ မလေးရှားသို့ ပို့ဆောင်မည့် လူကုန်ကူးသမား ၅ ဦးနှင့်အတူ လူကုန်ကူးခံရသူ ဘင်္ဂလီ ၅၅ ဦးတို့အား ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်(BGB)မှ ဖမ်းဆီးခဲ့ကြောင်း The Business Standard သတင်းဌာနတွင် ဖော်ပြထားသည်။

‎ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်ကမ်းခြေ၊ တက္ကနက်ဖ်မြို့နယ်၊ နတ်မြစ်အတွင်း မလေးရှားသို့ ပို့မည့် လူ ၅၅ ဦးနှင့်အတူ လူကုန်ကူးသမား ၅ ဦးပါဝင်သော ဘုတ်တစ်စီးအား ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် BGB မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

‎ဖမ်းဆီးရမိခဲ့သည့် မလေးရှားနိုင်ငံသို့ ထွက်ခွာသူ ၅၅ ဦး တို့မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြပြီး  အမျိုးသမီး ၃ ဦးနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

‎၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ်မြို့နယ်တွင် မလေးရှားသို့ ထွက်ခွာသူ ၁၈ ဦးနှင့် အတူ လူကုန်ကူးသမားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ် (BGB) မှ ဖမ်းဆီးခဲ့သည်။

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်ကလည်း ပင်လယ်ကိုဖြတ်၍ မလေးရှားသို့ လူကုန်ကူးသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒေသရှိ မူဆလင်လူကုန်ကူးဂိုဏ်းများသည် ဒေသခံမူဆလင်များနှင့်  ဒုက္ခသည်စခန်းများမှ မူဆလင်များအား မလေးရှားသို့ ဝင်ငွေကောင်းမည့် အလုပ်အကိုင်များ ရရှိမည်ဟုဆိုက လိမ်လည်ခေါ်ပြီး လူကုန်ကူးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်