သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်လက်နက်ကိုင်အဖွဲ့စည်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတပ်ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ အရာရှိတစ်ဦးနှင့် တပ်သား တစ်ဦးပြင်းထန်ဒဏ်ရာရ

AB News-ဇူလိုင် ၁၇၊၂၀၂၅
နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ragamati ခရိုင် Rajashali မြို့နယ် Banghalia ကျေးရွာတွင် ရက္ခိုင်လက်နက်ကိုင် အဖွဲ့အစည်း (Mog Party)တို့နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရစစ်တပ်တို့ကြား ဇူလိုင်လ ၁၅ ရက်နေ့က နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ် ဦးအပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု Hill Voice သတင်းဌာနတွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရရှိ ၂ ဦးမှာ Nasir Uddin Rankနှင့် အရာရှိ Azmat Hossain၊ တို့ဖြစ်ကြသည်။

Banghalia ရှိ ရက္ခိုင်လက်နက်ကိုင်အဖွဲ့အစည်း (Mog Party) ၏ အခွန်ကောက်ခံနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခွန်ကောက်ခံမှုနှင့် ငွေခွဲဝေမှုဆိုင်ရာ ပြဿနာများကြောင့် ပဋိပက္ခဖြစ်ပွားရန် စတင်ခဲ့သည်ဟု Hill Voice သတင်းဌာနတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်အရာရှိ အာဇာမက်ဟိုက်ဆင်နှင့် တပ်သား၅ဦးသည် Banghalia ၏ အခွန်ကောက်ခံသည့် နေရာသို့ ရောက်ရှိလာပြီး အခွန်ကောက်ခံနေသော နေရာတွင် တာဝန်ကျနေသော ရက္ခိုင်လက်နက်ကိုင် အဖွဲ့အစည်း(Mog Party)၏ အဖွဲ့ဝင်များနှင့် စကားများရာကနေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့မှာ အပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ Azmat Hossain အား ရက္ခိုင်လက်နက်ကိုင်အဖွဲ့အစည်း (Mog Pary)၏ အဖွဲ့ဝင်များက ၎င်းတို့၏ စခန်းသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် Banghalia ရေတပ်စခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် တပ်သားနှစ်ဦး အကြမ်းဖက် ခံရသည်ဟု သတင်းကို ကြားသိရပြီးနောက် စစ်တပ်မှ ဗိုလ်ကြီတစ်ဦးနှင့် တပ်ဖွဲ့ဝင်များသည် ယာဉ်(၄)စီးဖြင့် Banghalia ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ရက္ခိုင်လက်နက်ကိုင် အဖွဲ့ဝင်များမှာလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်မတိုင်မီ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ဦးမှ ၁၅ဦးတို့သည် ရက္ခိုင်လက်နက်ကိုင် အဖွဲ့အစည်း(Mog Party)၏ ကိုယ်စားလှယ်အဖြစ် ဟန်ဆောင်ပြီး Rajsthali၏ အချို့ဒေသများတွင် ဒေသခံများထံမှ အခွန်အတုအယောင် ကောက်ခံခြင်း၊ လူများကို ရိုက်နှက်ခြင်း နှင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြသည်ဟုလည်း Voice Hill တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ