Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူကရိန်း သမ္မတအား ဂျပန်ဖိတ်ခေါ်

ABN-သူရမောင်

ဇန်နဝါရီ ၆ ရက်

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် ယူကရိန်းအား အလည်လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း အဆင့်မြင့် အစိုးရအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတရုံး အကြီးအကဲ Andriy Yemakက ဗုဒ္ဓဟူးနေ့က ဂျပန်သံအမတ်သည် ယူကရိန်းနိုင်ငံသို့ လာရောက်ခဲ့စဉ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsunoက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဂျပန်က ယူကရိန်းနိုင်ငံသားတွေနဲ့ အတူ ရပ်တည်နေပါတယ်၊ ပြီးတော့ ဒီနှစ်မှာ G7ဥက္ကဌအဖြစ် သင့်တော်သလို ဆောင်ရွက်သွားဦးမှာပါ ဟု ၇ နိုင်ငံကိုယ်စား Matsunoက ပြောခဲ့သည်။

လာမည့်အပတ်တွင် ဝန်ကြီးချုပ် Kishidaသည် ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ ကနေဒါနှင့် အမေရိကန်နိုင်ငံများသို့ လည်ပတ်မည့်အပြင် G7 နိုင်ငံများသို့လည်း ဟီရိုချီးမားတွင် မေလအတွင်း G7ကို မဦးစီးခင် သံတမန်ရေးဦးတည်ချက်ဖြင့် လည်ပတ်သွားမည်ဖြစ်သည်။

ယူကရိန်း သမ္မတအား ဂျပန်ဖိတ်ခေါ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ