Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူကရိန်းအရေး ပြောဆိုမှုကြောင့် ရုရှားသတင်းထောက်တစ်ဦး ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရ

ABN- ရှိုင်းမိုး

အများပြည်သူတို့၏ သဘောထားအမြင်ကွဲလွဲမှုအပေါ် အာဏာပိုင်များ၏ ကြမ်းတမ်းစွာ ဖြိုဖျက်ခံရမှုအား ထုတ်ဖော်ပြောကြားမှုနှင့် စစ်တပ်အား ချိုးနှိမ်ပြောဆိုမှုတို့ကြောင့် ရုရှားသတင်းထောက်တစ်ဦးကို မော်စကိုမြို့ရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ပြီးနောက် မကြာမီ အတည်ပြုပြဋ္ဌာန်းခဲ့သည့် စစ်ဘက်ဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ သတင်းအမှားများ ရေးသားဖော်ပြခြင်းကြောင့် ရုပ်သံသတင်းထောက်တစ်ဦးလည်းဖြစ်၊ ဝါရင့်ဥပဒေရေးဆွဲသူတစ်ဦးလည်းဖြစ်သည့် Alexander Nevzorov အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယူကရိန်းတွင် ကျူးကျော်တိုက်ခိုက်နေရသည့် ရုရှားတပ်များနှင့် ပတ်သက်ဆက်နွယ်သူ မည်သူ့ကိုမဆို ဥပဒေအရ ဒဏ်ငွေဖြင့်သော်လည်းကောင်း၊ ထောင်ဒဏ် ၁၀ နှစ်သော်လည်းကောင်း ချမှတ်နိုင်သည်။

Mariupolရှိ Sea of Azov ဆိပ်ကမ်းမြို့မှ သားဖွားဆေးရုံကို ရုရှားတပ်များမှ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လူမှုကွန်ယက်တွင် သတင်းအမှားများ ရေးသားတင်ပြမှုတို့ကြောင့် စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ စွပ်စွဲမှုနှင့် ပတ်သက်ပြီး ရုရှားမှ ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

ယူကရိန်း ပဋိပက္ခ စတင်ပြီးနောက်ပိုင်း နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားခဲ့သည့် Nevzorovကမူ ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်များအား တုန့်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

ထင်ရှားကျော်ကြားသည့် အတိုက်အခံနိုင်ငံရေးသမား Ilya Yashinကိုလည်း ထိုဥပဒေဖြင့်ပင် ထောင်ဒဏ် ၈ နှစ်ခွဲ ချမှတ်ခဲ့သည်။ နောက်ထပ် အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် Vladimir Kara-Murzaကိုလည်း ထိုကဲ့သို့ တရားစွဲဆိုမှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားခဲ့သည်။

ယူကရိန်းအရေး ပြောဆိုမှုကြောင့် ရုရှားသတင်းထောက်တစ်ဦး ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ