Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူကရိန်းမှာ လက်နက်အမြန်လိုအပ်နေကြောင်း သမ္မတ ဇလန်စကီးပြော

ABN – သူရမောင်

အရှေ့ ဒူနက်ခ်ဒေသတွင် ရုရှားတပ်များက ပြင်းထန်သည့် တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့်အတွက်ကြောင့် တိုက်ပွဲနေရာသို့ လက်နက်အသစ်များ အလျင်အမြန် ပို့ဆောင်ရန်လိုအပ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

‘အခြေအနေက အရမ်းကို ပြင်းထန်နေပါပြီ၊ ဘက်မတ်ထ်၊ ဗူလီဒါနှင့် ဒူနက်ခ်ဒေသက အခြားနေရာတွေမှာလည်း ရုရှားတပ်တွေက တိုက်ခိုက်နေပါတယ်၊ ကျွန်တော်တို့ရဲ့ ကာကွယ်ရေး ခံတပ်တွေကိုလည်း ချိုးဖျက်ဖို့ ပြင်ဆင်နေကြပါပြီ” ဟုသူ၏ ညနေဖက် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ရုရှားက စစ်ပွဲကို ပိုပိုပြီးတော့ တင်းမာအောင်လုပ်လာနေတယ်၊ ကျွန်တော်တို့ တပ်တွေကလည်း ခြေကုန်လက်ပမ်း ကျနေပါပြီ၊ ဒါ့ကြောင့် ကျွန်တော်တို့မှာ အားကိုစရာဆိုလို့ လက်နက်ပဲရှိပါတော့တယ်၊ ကျွန်တော်တို့မှာ တိုက်ပွဲတွေကို အရှိန်မြှင့်ရမယ်၊ ထောက်ပံ့ရေးပစ္စည်းတွေ မြန်မြန်ဆန်ဆန် ထောက်ပံ့ဖို့၊ ယူကရိန်းအတွက် လက်နက်သစ်တွေကို သုံးစွဲသင့်နေပါပြီ” ဟု ပြောသည်။

ယူကရန်းစစ်တပ်မှ ဗိုလ်ချုပ်ကလည်း ဒူနက်ခ်ဒေသအရှေ့ပိုင်းတွင်ရှိသည့် Blahodatneအနီးရှိ ရုရှားတပ်ဖွဲ့များကို ယူကရိန်းတပ်ဖွဲ့များအနေဖြင့် ခုခံတွန်းလှန်နေကြောင်း တနင်္လာနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဇလန်စကီးက ဂျာမနီနှင့် အမေရိကန်တို့က နိုင်ငံချင်းဆိုင်ရာ သဘောတူညီချက်အရ ခေတ်မီတင့်ကားများနှင့် စစ်လက်နက်ပစ္စည်များ သင်္ဘောဖြင့်လာရောက်ပို့ဆောင်ခဲ့သည့်အတွက်လည်း လက်နက်အင်အား တိုးများလာခဲ့ကြောင်း၊ ထို့ကြောင့်လည်း တိုက်ပွဲအတွင်း အထောက်အကူအများကြီးဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းက ဝါရှင်တန်မှ ထောက်ပံ့ပေးမည်ဟု ပြောခဲ့သည့် ကီလိုမီတာ ၃၀၀အကွာပစ်နိုင်သည့် ATACMS အမေရိကန်လက်နက်များကို လိုအပ်ကြောင်း တနင်္ဂနွေနေ့က ဇလန်စကီးက ပြောခဲ့သည်။

ဇလန်စကီး၏ ယူကရိန်းအပေါ်အုပ်ချုပ်မှုသည် သိမ်းပိုက်သူများထက် တွန်းလှန်သူ ယူကရိန်းများမှာ ပိုမိုဖိအားပေးခံနေရာရောက်ကြောင်း၊ ဆိုလိုသည်မှာ အခြားနိုင်ငံများမှ ထောက်ပံ့ပေးသည့် လက်နက်များကို ပိုကာကွယ်ထိန်းသိမ်းရမည်ဟူသည့် ဖိအားကို ပေးနေကြောင်း သိသာနေသည်။

“ရန်သူ့တပ်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဂရုမစိုက်ပါဘူး၊ သူတို့က ရှုံးနေပေမဲ့လည်း တိုက်ပွဲရဲ့ အပြင်းထန်ဆုံးအခြေအနေကို ထိန်းထားတုန်းပါပဲ” ဟု ဇလန်စကီးက ပြောသည်။

“ဒါဆိုရင် ဒူနက်ခ် ဒေသကို ကာကွယ်တဲ့နေရာမှာ ယူကရိန်းနိုင်ငံတစ်ခုလုံးကို ခုခံကာကွယ်နေတာလို့ ခံယူထားတဲ့ ကျွန်တော်တို့ရဲ့ စစ်သားတွေက ထူးထူးခြားခြားခံနိုင်ရည်ရှိဖို့၊ အပြည့်အဝသတိရှိဖို့ လိုပါတယ်” ဟု ပြောသည်။

🔡 ဂျာမနီက ယူကရိန်းကို ဂျက်ဖိုက်တာများ မပို့သေး

ဂျာမနီ အတိုင်ပင်ခံပုဂ္ဂိုလ် အို့ဖ်စကော့ဇ်က ဂျာမနီအနေဖြင့် ယူကရိန်းကို ဂျက်ဖိုက်တာများ ပေးပို့မည်မဟုတ်ကြောင်း တနင်္ဂနွေနေ့က ‌ပြောခဲ့သည်။

စ‌ကော့ဇ်အနေဖြင့် ယူကရန်းသို့ လီယိုပတ် ၂ တင့်ကား ၁၄ စီးကိုသာပေးပို့ရန်၊ အခြား ဥရောပနိုင်ငံများကိုလည်း သူတို့နိုင်ငံများမှ တင့်ကားများပို့ပေးရန် မဟာမိတ်ဆက်ဆံရေးအရ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအရ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က လက်နက်ကြီးတွေ သုံးပြီးတော့ ဖြစ်လာမယ့်တိုက်ပွဲတွေကို မဖြစ်‌အောင်ပဲ အကြံပေးနိုင်တာပါ” ဟု Tagesspiegelသတင်းစာ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“တကယ်လို့ တင့်ကားတွေပို့ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနှင့်တပြိုင်နက် ဂျာမနီမှာ နောက်တစ်ခါ အချေအတင်ဆွေးနွေးတာတွေ လုပ်ခဲ့မယ်ဆိုရင် သိပ်ပြီးတော့ကြီးတဲ့ ကိစ္စမဟုတ်ပါဘူး၊ ပြီးတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း ပြည်သူလူထုရဲ့ ယုံကြည်မှုက လျော့နည်းသွားနိုင်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

စကော့ဇ်၏ တင့်ကားများကို ပေးပို့မည်ဟူသည့် ဆုံးဖြတ်ချက်ကို Abrams တင့်ကား ၃၁ စီးကို ပေးပို့မည်ဟူသည့် အမေရိကန်၏ ကြေညာချက်က ပိုပြီးအသက်ဝင်စေခဲ့သည်။ သမ္မတ ဇလန်စကီးက တိုက်ပွဲအတွင်း လွန်စွာ အထောက်အကူဖြစ်စေမည့် တင့်ကားများ ပေးပို့သည့်အတွက် ဘာလန်နှင့် ဝါရှင်တန်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

စကော့ဇ်က မော်စကိုသည် တင့်ကားပေးပို့မည့် ကတိကဝတ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး တိုးမြှင့်လာမည့် အန္တရာယ်ကို ထပ်မံမြှင့်တင်ခြင်းမပြုရန် ပြောဆိုခဲ့ကြောင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“နေတိုးနဲ့ ရုရှားကြားမှာ တိုက်ပွဲဆိုတာမရှိပါဘူး၊ သူတို့ကြားမှာ တိုက်ပွဲဖြစ်လာမှာကိုလည်း ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

ထို့အပြင် စကော့ဇ်က အခြေအနေအရ ရုရှားသမ္မတ ပူတင်နှင့်လည်း စကားဆက်ပြောဖို့လိုကြောင်း နိုင်ငံ့ခေါင်းဆောင်များအချင်းချင်းကြားမှာလည်း ဒီဇင်ဘာလ အစောပိုင်းခန့်က နောက်ဆုံးဖုန်းခေါ်ဆိုခဲ့ကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ပူတင်ကို ကျွန်တော် နောက်တစ်ခေါက် ဖုန်းဆက်အုံးမှာပါ၊ ဒါပေမဲ့ ရုရှားက အခုလိုမျိုး အခြေအနေတင်းမာတဲ့ စစ်ပွဲတွေကို ဆက်လက်ဖော်ဆောင်နေသရွေ့တော့ ဒီအခြေအနေတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ယူကရိန်းမှာ လက်နက်အမြန်လိုအပ်နေကြောင်း သမ္မတ ဇလန်စကီးပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ