Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူကရိန်းနှင့် ရုရှား အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တရုတ်ပြော

ယူကရိန်းနှင့် ရုရှား အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တရုတ်ပြော

ABN – သူရမောင်

ရုရှား၏ မိတ်ရင်းဆွေရင်းဖြစ်သည့် တရုတ်က ယူကရိန်းနှင့် မော်စကိုအကြား အပစ်အခတ်ရပ်စဲရန်၊ ပြီးခဲ့သည့် နှစ်ကပင် စတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် အဆိုပြုချက် ၁၂ ချက်အရ ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြရန်နှင့် ပဋိပက္ခအပေါ် ပြတ်ပြတ်သားသားလုပ်ဆောင်ကြရန် ပြောဆိုလိုက်သည်။

ဘက်လိုက်မှုမရှိသည့် ရပ်တည်ချက်ရှိကြောင်း ဖော်ပြနေချိန်တွင် တရုတ်က ၎င်းတို့အနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတွင် အကန့်အသတ်မရှိကြောင်းပြောဆိုလိုက်သည့်အပြင်၊ ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းအပေါ် ဝေဖန်ရန်လည်း ငြင်းပယ်လိုက်သည်။ ထိုစစ်ပွဲမှာ အနောက်ဖက်တွင် စိတ်ပျက်စရာတစ်ခုအဖြစ် ရှုမြင်နေကြပြီး လက်နက်ကိုင်ကာကွယ်ရေးတပ်များကို ယူကရိန်းသို့ပိုဆောင်းကာ အတိဒုက္ခများလာအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ အမေရိကပြည်ထောင်စုကလည်း တရုတ်သည် စစ်ရေးအရ ရုရှားကို ထောက်ပံပေးရန် ကြိုတင်ပြင်ဆင်ထားနိုင်ကြောင်း ဘေဂျင်းမှ အထောက်အထားအချို့အရ ပြောဆိုလိုက်သည်။

တရုတ်၏ လက်ရှိအနေအထားအရ ထိုသို့ အဆိုပြုချက်များနောက်တွင် အခွင့်အရေးများရှိနေနိုင်မည်လား၊ သို့တည်းမဟုတ် တရုတ်သည် ရိုးသားသည့် ကြားဝင်စေ့စပ်သူဖြစ်နေနိုင်မည်လားဆိုသည်မှာ သံသယရှိစရာကောင်းပေသည်။

အမေရိကန်၏ နိုင်ငံတကာဆိုင်ရာ လွတ်လပ်သည့် လွှမ်းမိုးမှုကို ဆန့်ကျင်ရန် တရုတ်နှင့် ရုရှားတို့အကြား မဟာမိတ်ဆက်ဆံရေးမှာ ပိုမိုတိုးတက်ကောင်းမွန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yiက ရုရှားသမ္မတ ပူတင်နှင့် ယခုအပတ်အတွင်း တွေ့ဆုံစဉ် ၂နိုင်ငံအကျိုးတူ ဆက်ဆံရေး၏ အားသာချက်များကို ထပ်လောင်းအတည်ပြု ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု ပြောရေးဆိုခွင့်ရှိသူ Ned Priceက အဆိုပြုချက်နှင့် ပတ်သက်၍ မှန်မှန်ကန်ကန် စိစစ်သွားမည်ဖြစ်ကြောင်း သို့သော်လည်း တရုတ်နှင့် ရုရှားတို့၏ ဆက်ဆံရေးအရ ဘက်လိုက်မှုရှိသည့် ကြားခံနေမှုတစ်ခု မဟုတ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

“တရားမျှတမှုနှင့် ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကလွဲလို့ ဘာမှမလိုလားပါဘူး။ သို့သော်လည်း ဒီလို ရပ်တည်မှုဟာ တည်မြဲမလားဆိုတာကတော့ သံသယ ဖြစ်မိတယ်” ဟု ပြောကြားလိုက်သည်။

အဆိုပြုချက်ကို မထုတ်ပြန်မီ ယူကရိန်းသမ္မတ ဇလန်စကီးက တရုတ်၏ ကြားဝင်မှုမှာ အရေးကြီးသည့် ပထမအချက်တစ်ချက်ဖြစ်ကြောင်း ပြောဆိုထားသည်။

“ယူကရိန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ တရုတ်ရဲ့ အဆိုပြုချက်အရတော့ ကျွန်တော်ထင်တာက မဆိုးဘူးလို့ ပြောရပါမယ်။ ဒါက ကျွန်တော်တို့အားလုံးအတွက် တကယ့်ကို အရေးပါပါတယ်၊ ပြီးတော့ တရားမျှတမှုအတွက်ရော့ပေါ့” ဟု ကြာသပတေးနေ့က စပိန်ဝန်ကြီးချုပ်နှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်လိုက်သည့် အဆိုပြုချက် ၁၂ ချက်အစီအစဉ်တွင် အနောက်နိုင်ငံများအနေဖြင့် ရုရှားအပေါ် အမြင်များပြောင်းလဲပေးရန်၊ နျူးကလီးယားလုံခြုံရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ပြည်သူများအတွက် လူသားချင်းစာနာမှုအရ ခိုလှုံရန် အဆောက်အဦးများ တည်ဆောက်ပေးရန်နှင့် ကမ္ဘာ့ကုန်စျေးနှုန်းမြင့်တက်နေသည့်ကြားမှ ဂျုံတင်ပို့မှုကို လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ