Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူကရိန်းနှင့် ရုရှား အကျဉ်းသားစစ်သည် ၂၀၀ ကျော်ကို အပြန်အလှန်လွှတ်ပေး

ယူကရိန်းနှင့် ရုရှား အကျဉ်းသားစစ်သည် ၂၀၀ ကျော်ကို အပြန်အလှန်လွှတ်ပေး

ABN-ရှိုင်းမိုး

ယူကရိန်းနှင့် ရုရှားတို့အကြား ရှားရှား ပါးပါးပူးပေါင်းမှုတခုအဖြစ် အကျဉ်းသားစစ်သည် ၂၀၀ကျော်ကို အပြန် အလှန် လွှတ်ပေးခဲ့ကြကြောင်းနှစ်ဖက်အစိုးရက ဧပြီ ၁၀ ရက်​နေ့တွင်ထုတ်ပြန်သည်။

ရုရှားစစ်သား ၁၀၆ ယောက် ယူကရိန်းအကျဉ်းထောင်မှ လွတ်မြောက် လာကြောင်း ရုရှားကာကွယ်ရေဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

တိုနည်းတူ ယူကရိန်း အကျဉ်းသား ၁၀၀ ကို ရုရှားကလွှတ်​ပေးခဲ့ကြောင်းလည်း ယူကရိန်းသမ္မတရုံး အရာရှိချုပ် Andriy Yerma က ပြောကြားသည်။

ပြန်လွတ်လာသည့် ယူကရိန်းစစ်သား ၈၀ နှင့် အမျိုးသမီးစစ်မယ် ၂၀ တို့အထဲတွင် ထက်ဝက်ခန့်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြောင်းလည်း ၎င်းက ဆို သည်။

အလားတူ ရုရှားကာကွယ်ရေးဌာနကလည်း ယူကရိန်းထောင်မှ ပြန်လွှတ်လာသည့် ရုရှားစစ်သားများကို ပြန်လည် ပြုစုရန် မော်စကိုမြို့သို့ ပို့ဆောင်ထားသည်ဟု ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ