ABN – ကိုဟိန်းထွန်း
ယူကရိန်းနိုင်ငံရှိ ကိယက်ဗ်မြို့ ဆင်ခြေဖုံးတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ယူကရိန်းနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးနှင့် ကလေးနှစ်ဦးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦး သေဆုံးသွားခဲ့သည်ဟု ယူကရိန်း အာဏာပိုင်များက ပြောသည်။
သေဆုံးခဲ့သူများမှာ ပြည်ထဲရေးဝန်ကြီး Denys Monastyrskyi၊ သူ၏လက်ထောက်ဖြစ်သူ Yevhen Yenin နှင့် ပြည်တွင်းရေးရာ နိုင်ငံခြားရေးဝန်ကြီး Yurii Lubkovych တို့ ပါဝင်သွားခဲ့ကြောင်းကို ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ Ihor Klymenko က ပြောခဲ့သည်။
ထိုရဟတ်ယာဥ်သည် ယူကရိန်းမြို့တော် အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ဘရိုဗာရီတွင် ပျက်ကျခဲ့ကြောင်းကို Klymenko က ပြောကြားခဲ့သည်။
ထိုဖြစ်စဥ်မှာ မတော်တဆ ပျက်ကျမှုဖြစ်နိုင်ကြောင်း ယူကရိန်း အစိုးရ ရှေ့နေကပြောသည်။
ထိခိုက်ဒဏ်ရာသူ ကလေးငယ် ၁၅ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦး ထိရှိခဲ့ပြီး အဆိုပါရဟတ်ယာဥ်သည် သူငယ်တန်းကျောင်းအနီးအနားတွင် ပျက်ကျခဲ့ကြောင်းကို အရာရှိများ နှင့် မီဒီယာများကဖော်ပြခဲ့သည်။
Ref-AP

