Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယူကရိန်းတွင် ဆည်ပြိုကျမှုကြောင့် လူ ၄သောင်းကျော်ကို ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရ

ABN-နွယ်စိုး

ဇွန်-၇ရက်

ယူကရိန်းနိုင်ထဲမှ ရုရှားသိမ်းပိုက်ထားသော Khersonမြို့အနီးနားက ပင်မဆည်ပြိုကျမှုကြောင့် ဇွန်လ ၆ ရက်နေ့က ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနေရကြောင်း AFPသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆည်ပြိုကျမှုကြောင့် ရေလွှမ်းမိုးနိုင်ခြေရှိသည့် အတွက်ကြောင့် ဆည်အနီးအနားတွင်နေထိုင်သော ကျေးရွာပေါင်း ၈ဝ ကျော်အားဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနေရကြောင်း ယူကရိန်းသမ္မတ ဇလန်းစတီးက ပြောကြားခဲ့ပြီး ထိုဆည်ပြိုကျမှုသည် ရုရှားလက်ချက်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၄င်းအပြင် ရုရှားအနေဖြင့် ဆည်ပြိုကျမှုနှင့်ပတ်သက်၍ ၄င်းတို့လက်ချက်ကြောင့် ပြိုကျခဲ့ခြင်းမဟုတ်ဟု ငြင်းဆိုထားကာ ယူကရိန်းဘက်မှ လက်နက်ကြီးကျမှုကြောင့် ယခုလိုပြိုကျပျက်စီးခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုဆည်သည် ဒေသအတွင်း အရေးပါသည့်ပင်မဆည်ဖြစ်ပြီး စိုက်ပျိုးရေး အပြင် သောက်သုံးရေနှင့် ဥရောပ၏အကြီးဆုံးဇာပေါ်ရီဇီယာ နျူးကလီးယားဓာတ်အားပေး စက်ရုံကိုလည်း ရေပေးနေသော ဆည်ဖြစ်သည်။

လက်ရှိတွင် ဆည်ပြိုကျမှုအခြေအနေကို ထိန်းချုပ်နိုင်သည့် အခြေနေရှိပြီး စက်ရုံနှင့် ပတ်သက်၍ စိုးရိမ်စရာအခြေအနေမရှိကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA)က ပြောကြားထားသည်။

ထို့အပြင် ဆည်ပြိုကျနေသာ အခြေအနေများကို ရိုက်ကူးထားသည့် ရုပ်သံများတွင် ပြိုကျနေသော ဆည်ပေါက်ကနေ ရေများအလုံးအလုံး စီးဆင်းနေခြင်းကို တွေ့ မြင်ရပြီး မြို့တော်တော်များကို လည်းရေလွှမ်းမိုးလာကာ ဆည်အနီးအနားတွင် နေထိုင်သူများသည် ရထားများ နှင့်ကားများဖြင့် ဘေးလွတ်ရာသို့ပြေးနေသည်ကို တွေ့မြင်ရသည်။

အဆိုပါဆည်ပြိုကျမှုကြောင့် လူပေါင်း ၄သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနေပြီး ယင်းအနက်မှ ၁၇၀၀၀သည် မြစ်အနောက်ပိုင်း ယူကရိန်းထိန်းချုပ်ထားသော နယ်မြေထဲကဖြစ်ပြီး နောက်ထပ် ၂၅၀၀၀မှာ မြစ်အရှေ့ဘက် ရုရှားထိန်းချုပ်ထားသည့် နယ်မြေက ဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ