သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယင်းမာပင်ခရိုင်အတွင်း အဓမ္မပြုကျင့်မှုအပေါ် ထိရောက်စွာ အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်း ၁၄၉ ဖွဲ့ တောင်းဆို



‎AB News – မတ် ၉၊ ၂၀၂၆

‎စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၀ တွင် တပ်သားအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူအခွင့်အရေးကျူးလွန်မှုများကို တပ်ရင်း ၂၀ နှင့် သက်ဆိုင်ရာ အစုအဖွဲ့များမှ တာဝန်ယူဖြေရှင်းပေးရန် အရပ်ဖက်အဖွဲ့ အစည်း ၁၄၉ ဖွဲ့မှ တောင်းဆိုလိုက်သည်။

‎​ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ယင်းမာပင်ခရိုင် PDF တပ်ရင်း ၂၀ မှ အသက် ၂၅ နှစ်အရွယ် မူဆလင်အမျိုးသမီး တပ်သား တစ်ဦးသည် တပ်ရင်းခွင့်ပြုချက် မပါဘဲ အလှူထွက်ခံခြင်းကြောင့် အပြစ်ပေးချုပ်နှောင်ခံခဲ့ရပြီး မုဒိန်းမှုပါ ကျူးလွန်ခံခဲ့ရသည်။

‎အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက် ၃ ခုမှာ

‎၁။ တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျုးလွန်သူ အပါအဝင် အခြားကျုးလွန်သူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို တော်လှန်ရေး အဖွဲ့အစည်းများ၏ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန်။ လိုအပ်ပါက လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့/ကော်မရှင်မှတဆင့် စုံစမ်းရန်။

‎၂။ နစ်နာသူ အမျိုးသမီး၊ ၎င်း၏ အမျိုးသားနှင့် သမီးငယ်လေးတို့အား တပ်ရင်း၏ ဖိအားပေးမှုများမှ ကင်းလွတ်သော ဘေးကင်းရာနေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်။

‎၃။ အလားတူဖြစ်ရပ်များကို ထိရောက်စွာ အရေးမယူနိုင်ခဲ့သည့်အတွက် ယခုလို ဖြစ်စဉ်မျိုး ထပ်မံ ဖြစ်ပွားနေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးကာလ ၅နှစ်အတွင်း ကျူးလွန်ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များအတွက် တရားမျှတမှု၊ အရေးယူမှု အမြန်ဆုံး ဖော်ဆောင်ပေးပြီး အမျိုးသမီးများအပေါ် အကြမ်းဖကအမှုတားဆီးရေးမူဝါဒများနှင့် တော်လှန်ရေး အဖွဲ့အစည်းများအတွင်း မည်သည့် ဘာသာဝင်၊ မည်သည့် လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒများကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန် တို့ဖြစ်သည်။

‎ယင်းအပြင် တော်လှန်ရေးအင်အားစုများအတွင်း ယခုကဲ့သို့ လိင်၊ အမျိုးဘာသာ အခြေပြု​ပြီး ခွဲခြားဆက်ဆံဖိနှိပ်ခြင်းများကို ဆန့်ကျင်ရန် အရေးကြီးကြောင်း ဆိုသည်။

‎ပုံ – TM Media


‎#စစ်ကိုင်း #ယင်းမာပင်ခရိုင် #တပ်ရင်း_တပ်ရင်း၂၀ #အမျိုးသမီးတပ်သား # လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု #တရားမျှတရေး #အရပ်ဖက်အဖွဲ့အစည်း

ထင်မြင်ယူဆချက်‌‌ပေးရန်