Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယခုနှစ် မေလ အတွင်း ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လားသည့် မြန်မာနိုင်ငံသား ၁၅၀ နီးပါး ဖမ်းဆီးခံရ

ABNမေအိအိအောင်

ယခု ၂၀၂၃ ခုနှစ် မေလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅၀ နီးပါးကို ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

မြန်မာနိုင်ငံ နေရာအသီးသီးမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၉ ဦးနှင့် ယာဉ်မောင်းများကို မေလ ၁ ရက်နေ့မှ မေလ ၃ ရက်အတွင်း ဖမ်းဆီးရမိကြောင်း သတင်းများအရသိရသည်။

ဖမ်းဆီးခံရသူ ၁၄၉ ဦးကို မေလ ၁ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန် နယ်စပ်တွင် ရွှေ့ပြောင်းလုပ်သား ၉၂ ဦး ၊ မေလ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ Chiang Saenမြို့မှ ၂၇ ဦးနှင့် မေလ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှ ၃၀ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားများထဲတွင် အသက် ၅၀ နီးပါအရွယ် လူကြီးများပါရှိသကဲ့သို့ အသက် ၁၅ နှစ်အရွယ် အသက်မပြည့်သည့် ကလေးများလည်းပါဝင်ကြောင်းသိရသည်။

ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားသည့် အဆိုပါ တရားမဝင်ရွှေ့ပြောင်းလုပ်သားများမှာ မြန်မာနိုင်ငံ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး နင့် ရခိုင်စသည့်ဒေသများမှဖြစ်ကြောင်းနှင့် ထိုကဲ့သို့လာရန် ပွဲစားခ ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိပေးရကြောင်းသိရသည်။

မေလ ၁ ရက်မှ ၃ ရက်အတွင်း ဖမ်းဆီးထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား များနှင့် ယာဉ်မောင်းများကို ဥပေဒအရ အရေးယူရန် သက်ဆိုင်ရာ ရဲစခန်းများတွင် ပို့ထားကြောင်းသိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း၌ အလုပ်အကိုင်ရှားပါ၍ စားဝတ်နေရေး ကျပ်တည်းလာမှုနှင့် မလုံခြုံမှုတို့ကြောင့် ပြည်တွင်းမှ နိုင်ငံသားများ ထိုင်း၊ မလေး၊စသည့်နိုင်ငံများသို့ တရားဝင်လမ်းကြောင်းဖြင့်သော်လည်းကောင်း ၊ တရားမဝင်လမ်းကြောင်းဖြင့်သော်လည်းကောင်း နေ့စဉ်ထွက်ခွာလျက်ရှိနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ