Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ ရောက်ရှိ

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ ရောက်ရှိ

ABN-နွယ်စိုး

စက်တင်ဘာ-၁၁ ရက်

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက နိုင်ငံအာဏာရပါတီ၊ အစိုးရ၊ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ ၄င်း၏ ကိုယ်ပိုင်ရထားဖြင့် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း APသတင်းဌာနတွင် ဖော်ပြထားသည်။

မြောက်ကိုးရီးယားခေါင်ဆောင် ကင်ဂျုံ၏ ရုရှားနိုင်ငံသို့ ခရီးထွက်ခြင်းမှာ ရှားရှားပါးပါးခရီစဥ်ဖြစ်ပြီး ပြုံယမ်းမှ ရုရှားနိုင်ငံသို့ ကိုယ်ပိုင် သံချပ်ကာရထားဖြင့် ရုရှားနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းရှိ ဗလာဒီဗော့စတောသို့ ဦးတည်သွားနေပြီး သမ္မတပူတင်နှင့် ထိပ်သီးဆွေးနွေးဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံမှ အမြောက်ကျည်များနှင့် တင့်ကားဒုံးကျည်များ စေလွှတ်နိုင်ရေး ကိစ္စများ၊ မော်စကိုအား ယူကရိန်စစ်ပွဲအတွင်း သုံးရန် လက်နက်ထောက်ပံ့ ပေးချေမှုများ၊ မော်စကိုမှ အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသည့် ဂြုလ်တု များနှင့် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ လဲလှယ်ခြင်းနှင့် နှစ်နိုင်ငံကြား စစ်ရေးပူးးတွဲလေ့ကျင့်မှု ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း APသတင်းဌာနတွင်ဖော်ပြထားသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများအနေနှင့် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် ရုရှားသမ္မတတို့ ယခုလထဲ တွေ့နိုင်ခြေရှိသည်ဟု ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ပြောကြားထားသည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့ကြား လက်နက် ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်လာခြင်းနှင့်ပတ်သက်၍ ဆွေးနွေးဖွယ်ရှိကြောင်းနှင့် ရုရှားနိုင်ငံသို့ အမြောက်ကျည်များရောင်းချနိုင်ဖွယ်ရှိကြောင်းကို ပြီးခဲ့သည့်အပတ်က အမေရိကန်သတင်းဌာနအချို့တွင် ဖော်ပြခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် မကြာမီသေးက စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနီးကပ်လာခဲ့သည်နှင့်အမျှ နှစ်နိုင်ငံကြား စစ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် ဆွေးနွေးမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ကန်ဂျုံအန်အနေဖြင့် ယူကရိန်းနှင့် ရုရှားစစ်ပွဲကြား ရုရှားအတွက် လိုအပ်နေသော စစ်လက်နက်များကို မြောက်ကိုရီးယားက ပေးပို့မည့်သတင်းများထွက်ပေါ်ခြင်းနှင့်ပတ်သက်လို စိုးရိမ်ကြောင်းလည်း အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ