Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ရုရှားသမ္မတပူတင်နှင့် တွေ့ရန်စီစဥ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ရုရှားသမ္မတပူတင်နှင့် တွေ့ရန်စီစဥ်

ABN-နွယ်စိုး

စက်တင်ဘာ ၅ ရက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ပြီး သမ္မတပူတင်နှင့် တွေ့ဆုံရန် စီစဥ်ထားကြောင်းနှင့် ယူကရိန်းစစ်ပွဲအတွင်း သုံးရန် မော်စကိုအား လက်နက်များ ထောက်ပံ့ပေးရေး ဆွေးနွေးရန် စီစဥ်ထားကြောင်း The New York Times သတင်းဌာနတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်၏ ရုရှားနိုင်ငံသို့ ခရီးထွက်ခြင်းမှာ ရှားရှားပါးပါးခရီစဥ်ဖြစ်ပြီး ပြုံယမ်းမှ ရုရှားနိုင်ငံသို့ သံချပ်ကာရထားဖြင့် ရုရှားနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းရှိ ဗလာဒီဗော့စတောသို့ သွားရောက်ပြီး သမ္မတပူတင်နှင့် တွေ့ဆုံမည် ဟု ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံမှ အမြောက်ကျည်များနှင့် တင့်ကားဒုံကျည်များ စေလွှတ်နိုင်ရေး ဆွေးနွေးရန်နှင့် မော်စကို၏ အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသည့် ဂြိုလ်တု များနှင့် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ လဲလှယ်ရန််အပါအဝင် နှစ်နိုင်ငံခြား စစ်ရေးပူးးတွဲလေ့ကျင့်မှုများနှင့်ပတ်သက်လို့ ဆွေးနွေးမည့်အကြောင်းကို The News York Timesတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ နှစ်နိုင်ငံကြား စစ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် ဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အမေရိကန်အနေဖြင့် နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံမှု တိုးလာမည်ကို စိုးရိမ်ကြောင်း သတင်းများထွက်ပေါ်လာသည်။

ယင်းအပြင် နှစ်နိုင်ငံကြား စစ်ရေးပူတွဲလေ့ကျင့်မှု ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးSergei Shoiguကို Interfaxသတင်းဌာနက မေးမြန်ရာတွင် ၄င်းက ဆွေးနွေးရန် သေချာကြောင်း ပြောဆိုခဲ့သည်။

“ဘာဖြစ်လို့လဲ၊ ဒါတွေက ကျွန်တောတို့ရဲ့ အိမ်နီးနားချင်းတွေပါ။ ရုရှားစကားပုံတခုရှိတယ်၊ မင်းအိမ်နီးနားချင်းတွေကို ရွေးချယ်ပြီး အိမ်နီးနားချင်းတွေနဲ့ ငြိမ်ငြိမ်ချမ်းချမ်း သဟဇာတဖြစ်အောင် နေထိုင်တာက ပိုကောင်းပါတယ်” ဟု ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoiguကို ကိုးကား၍ Interfaxသတင်းဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လက မြောက်ကိုးရီးယားတွင် ကျင်းပခဲ့သည့် ကိုးရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်ပွဲအခမ်းအနားသို့ အလည်အပတ်ရောက်ရှိခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီးShoiguက ကင်ဂျုံအန်နှင့်သီးသန့် တွေ့ဆုံခဲ့ရာ တရုတ်နှင့်အတူ ၄င်းတို့ ၃ နိုင်ငံတွင် ရေတပ်လေ့ကျင့်မှုပြုလုပ်ရန် ကင်ဂျုံအန်အား အဆိုပြုခဲ့ကြောင်း တောင်ကိုးရီးယား ထောက်လှမ်းရေးအေဂျင်စီ Yonhap က ကိုးကား ဖော်ပြခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့ကြား လက်နက် ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်လာမည့်အကြောင်းနှင့် ရုရှားနိုင်ငံသို့ အမြောက်ကျည်များ ရောင်းချရန် Shoiguက ၄င်း၏ခရီးစဥ်အတွင်း ကင်ဂျုံအန်အား စည်းရုံးသိမ်းသွင်းပြီး ကြိုးပမ်းခဲ့ကြောင်းကို ပြီးခဲ့သည့် အပတ်က အမေရိကန်သတင်းဌာနအချို့တွင် ဖော်ပြခဲ့သည်။

ရုရှားနှင့် မြောက်ကိုးရီးယားတို့သည် မကြာသေးမီက စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနီးကပ်လာခဲ့ကြသော်လည်း ရုရှားနှင့် လက်နက်ကိုင်တွယ်ခြင်း မရှိကြောင်း မြောက်ကိုရီးယားက ငြင်းဆိုထားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်ချိန်မှစက နျူးကလီးယားစမ်းသပ်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး ဒုံကျည်အမျိုးမျိုးကိုလည်း စမ်းသပ်ခဲ့ကာ ၄င်း၏ အိမ်နီးချင်းများနှင့် စစ်ရေးပူးတွဲလေ့ကျင့်မှု နည်းပါးခဲ့သည်။

Ref-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ