Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပြင်ထိုးစစ်မဆင်နွှဲခင် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က အမိန့်ပေး

ABN-နွယ်စိုး

အောက်တိုဘာ ၁၃ ရက်

အစ္စရေးနိုင်ငံမှ ဟားမက်စ်စစ်သွေးကြွများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး ချေမှုန်းရန် ရည်မှန်းထားသည့် မြေပြင်ထိုးစစ်မတိုက်မီ အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ လူ ၂.၃ သန်းမှ ထက်ဝက်နီးပါးကို ယနေ့ သောကြာနေ့တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ခဲ့သည်ဟု ကုလသမဂ္ဂတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါအမိန့်သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် ကူညီကယ်ဆယ်ရေးများပိတ်ဆို့တားဆီးမှုအောက်တွင် ရုန်းကန်နေရသည့် အရပ်သားများနှင့် အကူအညီပေးရေးလုပ်သားများအတွက် အထိတ်တလန့်ဖြစ်စေခဲ့သည်။

အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းရိုးတန်းနယ်မြေမြောက်ဘက်၌ နေထိုင်သော သိန်းနှင့်ချီသည့် အရပ်သားများကို ဂါဇာကမ်းမြောင် တောင်ဘက်သို့ ထွက်ပြေးကြရန် သတိပေးထားသည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများထံ ပေးပို့ထားသည့် အစ္စရေးစစ်တပ်က သတိပေးချက်တွင် ဤရွေ့ပြောင်းမှုသည် သင့်ကိုယ်ပိုင်လုံခြုံရေးအတွက်ဖြစ်သည် ဟု ပြောကြားခဲ့သည်။

ဂါဇာမြောက်ပိုင်းမှ အရပ်သား ၁.၁ သန်းအား တောင်ဘက်သို့ ၂၄ နာရီအတွင်း ထွက်ပြေးရန် နယူးယောက်တွင် ကြာသပတေးနေ့နှောင်းပိုင်းက အစ္စရေးစစ်တပ်ထံမှ သီးခြားညွှန်ကြားချက်ကို လက်ခံရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဂါဇာစီးတီးရှိ ပါလက်စတိုင်း လခြမ်းနီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နီဗယ်လ်ဖာဆာခ်က လူပေါင်း တစ်သန်းကျော်ကို ယခုလောက် မြန်မြန်ဆန်ဆန် ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်သည့် နည်းလမ်း မရှိဟု ပြောကြားခဲ့သည်။

“အစားအစာတွေကိုလည်း မစဥ်စားဘူး လျှပ်စစ်မီးကိုလည်း မစဥ်းစားဘူး၊ အခု တစ်ခုတည်းသော စိုးရိမ်မှုက အသက်ရှင်တော့မှာလား” လို့ ဖာဆာကဝမ်းနည်းစွာဖြင့် ပြောသည်။

“ငါတို့လူနာတွေ ဘာဖြစ်သွားလဲ” ကျွန်မတို့မှာ ဒဏ်ရာရတဲ့ လူနာတွေရှိတယ်၊ သက်ကြီးရွယ်အိုတွေရှိတယ်၊ ဆေးရုံတက်ရတဲ့ ကလေးတွေရှိတယ်” ဟု ပြောကြားပြီး ဆေးဝါးအများအပြားကိုလည်း ဆေးရုံများသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ထားကာ လူနာများကို ဆေးမကုပဲ စွန့်ပစ်ထားကြောင်း Farsak က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ဘက်က ထိုဆုံးဖြတ်ချက်ကို အတည်မပြုနိုင်သေးသော်လည်း အစ္စရေးက မျှော်လင့်ထားပြီးသား မြေပြင်ထိုးစစ်ဖြစ်နေသည့်အတွက် ညွှန်ကြားချက်များကို လိုက်နာရန် ပြောကြားထားသည်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Jonathan Conricus က မကြာမီရက်ပိုင်းအတွင်း စစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် ပြင်းထန်သောအင်အား ဖြင့် စစ်ဆင်ရေးလုပ်ဆောင်မည်ဖြစ်ပြီး အရပ်သားများကို အလုံပိတ်နယ်မြေအတွင်း ရွှေ့ပြောင်းထားရန် တောင်းဆိုထားကာ ဟာမက်စ်စစ်သွေးကြွများကို တိုက်ခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် အရပ်သားများကို ထိခိုက်မှုမဖြစ်စေရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒီမှာ အရပ်သားတွေ ရှိနေတယ်။ ရန်သူကဲ့သို့ ပစ်မှတ်မထားချင်တာကြောင့် ဂါဇာကမ်းမြောင်က ဟားမတ်စ်ရဲ့ စစ်ပစ်မှတ်များကို ဆက်ပြီး တိုက်ခိုက်နိုင်စေဖို့ သူတို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ တောင်းဆိုနေပါတယ်” ဟု ၄င်းက ဆိုသည်။

ဟာမက်စ်စစ်သွေးကြွများသည် ပြီးခဲ့သည့် စနေနေ့က ဂါဇာကမ်းမြောင်နယ်စပ်မှာရှိသည့် အစ္စရေး၏ မြို့များနှင့် ရွာများထဲ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးရာနှင့်ချီသော ပြည်သူများကိုလည်း ဓါးစာခံများအဖြစ် ခေါ်ဆောင်သွားခဲ့သည့်

တိုက်ခိုက်မှုအတွင်းအစ္စရေးစစ်သား၂၄၇ ဦးအပါအဝင် လူပေါင်း ၁၃၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး အစ္စရေးဘက်ကလည်း လက်တုန့်ပြန်သည့်အနေနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာပါလက်စတိုင်းဘက်မှ သေဆုံးသူ ၁၅၃၀ထက်မနည်းရှိခဲ့သည်။

အဆိုပါ စစ်ပွဲသည် အစ္စရေး-ပါလက်စတိုင်း၏ ၇၅ နှစ်တာ သမိုင်းသက်တမ်းအတွင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုဖြစ်သည်။

နှစ်ဘက်စလုံးမှာ အရပ်သားများ ထောင်နှင့်ချီဒဏ်ရာရခဲ့ကာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းမှ ဖြတ်ကျော်လာစဉ် ဟားမတ်စ် စစ်သွေးကြွများသည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အောက်တိုဘာလ ၁၂ ရက်နေ့က ဂါဇာကမ်းမြှောင်နှင့် နယ်စပ်က ဟာမတ်စ်အဖွဲ့များသိမ်းပိုက်ထားသည့် စစ်စခန်းတခုကို အစ္စရေးစစ်တပ်က ပြန်လည်သိမ်းယူခဲ့သည် ဗွီဒီယိုဖိုင်ကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ