သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကျည်ထိမှန်၍ ဆေးကုသမှု ခံယူနေရသည့် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် ၁ ဦး သေဆုံး

AB News – ဖေဖော်ဝါရီ ၈၊ ၂၀၂၆

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာဘက်အခြမ်းမှ ပစ်ခတ်လိုက်သည့် ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိန်းကလေး ၁ ဦး ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

ယမန် ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက် ၉ နာရီ၊ ၄၅ မိနစ်အချိန်တွင် ဒါကာမြို့တော်ရှိ အမျိုးသားအာရုံကြောသိပ္ပံဆေးရုံ၌ ၂၇ ရက်အကြာ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားကြောင်း သိရသည်။

ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားသူမှာ ကော့စ်ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့နယ်မှ Jasim Uddin ၏သမီး အသက် ၁၃ နှစ်အရွယ် Huzaifa ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်သည် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် မြန်မာနယ်စပ် တက္ကနာ့ဖ်မြို့နယ်၊ Hwaikyang ရှိ Techchhhi တံတားဧရိယာ အနီးတွင်ရှိစဥ် မြန်မာဘက်ခြမ်းမှ ပစ်ခတ်သော ကျဥ်သည် သူမ၏ ဦးခေါင်းကို ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်တကောင်းဆေးရုံမှတဆင့် ဒါကာမြို့ရှိ အထူးကုဆေးရုံသို့ လွှဲပြောင်းကုသခဲ့သော်လည်း လည်ပင်းတွင် နစ်ဝင်နေသည့် ကျည်ဆန်ကို ဖယ်ရှားနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

ကျည်ဆံသည် သူမ၏ လည်ပင်းရှိ ဦးနှောက်သို့ သွေးပိုးလွှတ်သည့် သွေးကြောများကို ပျက်စီးစေခဲ့သောကြောင့် ကလေးငယ်မှာ လေဖြတ်ခြင်း(Stroke) ဝေဒါနာကိုခံစားခဲ့ရပြီး ဦးနှောက်အတွင်း ဖိအားများမြင့်တက်လာပြီး ကလေးငယ်ကို အသက်ရှူစက်(Life Support) ဖြင့် ကုသပေးခဲ့သော်လည်း နှလုံးခုန်ရပ်တန့်ကာ သေဆုံးခဲ့ကြောင်း ပါမောက္ခ ဟူမာယွန်ကာဘီယာက ဆိုသည်။

အဆိုပါဖြစ်ရပ်ကြောင့် တက္ကနာ့ဖ်ဒေသတွင် နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများအပေါ် ဒေသခံတွေကြားမှာ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်