သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ-ထိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်အဖွဲ့နှင့် ထိုင်းစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

AB News – မတ် ၁၉ ၊ ၂၀၂၅

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်အဖွဲ့နှင့် ထိုင်းစစ်တပ်တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Thai PBS သတင်းအရ သိရသည်။

ယနေ့ ၊ နံနက်ပိုင်းအချိန်တွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ မယ်ဆိုင်ဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောက်လာသည့်အဖွဲ့ကို ထိုင်းကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်လာသည့်အဖွဲ့ဘက်မှ ဒဏ်ရာရရှိသူများရှိကြောင်းလည်း သိရှိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဆက်စပ်သံသယရှိသည့် နေရာများကို ရှာဖွေခဲ့ရာ သက်သေခံအဖြစ် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အိတ် ၉ အိတ်ထဲမှ အိုက်စ် မူးယစ်ဆေးဝါး ၃၂၃ ကီလိုဂရမ် သိမ်းဆည်းရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် သံသယရှိသူ ၁ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ပြီး ဖြစ်စဥ်နှင့် ဆက်စပ်မှု ရှိ မရှိ စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ မယ်အိုင့်မြိုနယ်မှာ ထိုင်းနယ်ခြားစောင့်တပ်က ကင်းလှည့်နေစဥ် မြန်မာဘက်မှ ဝင်လာသည့် မူးယစ်မှောင်ခို လက်နက်ကိုင်များကြား တိုက်ပွဲဖြစ်ခဲ့ကြသည်။

တိုက်ပွဲအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၄ ဦး သေဆုံးခဲ့ပြီး ICE မူးယစ်ဆေး ကီလို ၂၀၀ နီးပါး၊ စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်းထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်ထဲတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ကား ၁ စီးကို ထိုင်းအာဏာပိုင်များက လိုက်လံ ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေးပြား ဆာလာအိတ် ၇၈ အိတ်ကိုဖမ်းဆီးရရှိခဲ့ပြီး ထိုအိတ်အထဲတွင် စစ်ကြွဆေးပြား ၁၅ သန်း ၆ သိန်း ဖိုး ပါရှိကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က မြန်မာဘက်မှ ဝင်ရောက်လာသည့် စိတ်ကြွ ဆေးပြားများနှင့် မူးယစ်ဆေးဝါးများကို ၂၀၂၅ ခုနှစ် နှစ်သစ်ကူးကာလကစပြီး အများဆုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြီးခဲ့သည့်လက ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ