Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ၊ အာဖဂန် အရေးနှင့်ဆိုင်သည့် ဆုံးဖြတ်ချက် ယူအန် ရွှေ့ဆိုင်း

UN အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများ၏ အရည်အချင်းပြည့်မီမှုနှင့် သက်ဆိုင်သည့် မဲပေးခြင်းကိုရွှေ့ဆိုင်းလိုက်ပြီးနောက် ကိုယ်စားလှယ်နေရာဆုံးဖြတ်ရန်တောင်းဆိုမှုသည် ဒုတိယအကြိမ် ကြန့်ကြာသွားပါလိမ့်မည်။ အရပ်သားအစိုးရကိုထောက်ခံသည့် မြန်မာကိုယ်စားလှယ်သာ သူ့ရာထူးနေရာတွင် ဆက်ရှိနေမည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့သည့် ယူအန် အရည်အချင်းစစ်ဆေးရေးကော်မတီ အစီအရင်ခံစာအရ ယူအန်သို့ အာဖဂန် တာလီဘန်အစိုးရ သို့မဟုတ် မြန်မာ၊ မည်သည့်နိုင်ငံက သံအမတ်များ ပို့ခွင့်ရှိမည်ဆိုသည့် ဆုံးဖြတ်ချက်ချရန် ကိစ္စကို ရွှေ့ဆိုင်းလိုက်သည် ဟုဆိုသည်။

အမေရိကန်၊ တရုတ်၊ ရုရှားတို့အပါအဝင် အဖွဲဝင် ၉ ဦးနှင့် ယူအန်စိစစ်ရေးကော်မတီ က သောကြာနေ့ကထုတ်ပြန်သည့် အစီအရင်ခံစာကို ယူအန်အဖွဲ့ဝင် ၁၉၃ ဦးပါ အထွေထွေညီလာခံက သဘောတူထောက်ခံရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် တွင် မြန်မာနှင့် အာဖဂန်နိုင်ငံတို့၏ အရည်အချင်းပြည့်မှီမှုနှင့် ပတ်သက်၍ မဲပေးခြင်းကို ပြီးခဲ့သည့် အထွေထွေညီလာခံက ရွှေ့ဆိုင်းလိုက်ပြီးနောက် ယခုဆုံးဖြတ်ချက်ချရန် ရွှေ့ဆိုင်းမှုသည် ဒုတိယအကြိမ်လည်း ဖြစ်သည်။

ဤနိုင်ငံများဆိုင်သည့် ဆုံးဖြတ်ချက်များကို ရွှေ့ဆိုင်းထားသည့်အတွက် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကိုယ်စားလှယ်များသာ ဆက်လက်၍ နဂိုရာထူးနေရာတွင် ရှိနေမည်ဖြစ်သည် ဟု သံတမန်များက ဆိုသည်။

ပြိုင်ဖက် လစ်ဗျားက ယှဥ်ပြိုင်မှုများလုပ်ဆောင်လာ

ဤနှစ်အတွင်း လစ်ဗျား ၏ ကုလသမဂ္ဂအမတ်နေရာအတွက် ယှဥ်ပြိုင်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ယူအန်တွင် လစ်ဗျားအတွက် လက်ရှိကိုယ်စားလှယ်နေရာ ရယူထားသည့် ထရိုပိုလီရှိ အမျိုးသားညီညွတ်ရေး အစိုးရ (The Government of National Unity) ကို ဖာထီ ဘာချ်ဂါ (Fathi Bashgha) ဦးဆောင်ပြီး နိုင်ငံအရှေ့ပိုင်းရှိ ပါလီမန်မှ ထောက်ခံပေးထားသည့် အမျိုးသားတည်ငြိမ်ရေး အစိုးရ (The Government of National Stability) က အကဲစမ်းစိန်ခေါ်နေခြင်းလည်း ဖြစ်သည်။ ယူအန်သည် ဘာချဂါအစိုးရ၏ သူ့ကိုယ်သူ လစ်ဗျားအစိုးရဟု ကြော်ငြာရန် ကြိုးပမ်းမှုကိ အစောပိုင်းတွင် ရှုတ်ချခဲ့သည်။

၂၀၂၃ စက်တင်ဘာလ အလယ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် အစည်းအဝေးကြားနာပွဲတွင် ဤအရည်အချင်းသတ်မှတ်ချက် ပြည့်မှီ မမှီကို ထည့်သွင်းစဥ်းစားရန်နှင့် လစ်ဗျား၊ အာဖဂန် နှင့် မြန်မာ နိုင်ငံတို့အတွက် အရည်အချင်းပြည့်မှီခြင်း ရှိ မရှိ စစ်ဆေးခြင်းကို မဲပေးစရာမလိုဘဲ ရွှေ့ဆိုင်းရန် ယူအန်စိစစ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၂ နေ့က ဆုံးဖြတ်ခဲ့သည်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြု

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့တွင် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြောက်ထားသော ‌ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရထံ စစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်တွင် ယူအန်၏ မြန်မာသံအမတ်ဖြစ်ခဲ့သော ဦးကျော်မိုးထွန်းက ဆက်လက်၍ သူ့ရာထူးနေရာအတိုင်း ရှိနေမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ပရောက်နေကြသော အရပ်သား ဥပဒေပညာရှင်များနှင့် ဒေါ်စု ကို ထောက်ခံသည့် ဦးကျော်မိုးထွန်းကို မြန်မာစစ်ကောင်စီက ဒီဇင်ဘာလတွင် ဖြုတ်ချရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား လာဘ်စားမှု၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်မှု စသည့် အမှုပေါင်းမြောက်မြားစွာဖြင့် စွပ်စွဲထားပြီး အကယ်၍ ကျူးလွန်မှုရှိကြောင်းထင်ရှားပါက စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၁၉၀ ကျော်အထိ ကျနိုင်သည်ဟု ဆိုသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အမှု ကျူးလွန်ခြင်းမရှိဟု ငြင်းဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများသည် နိုင်ငံရေးအရ တွန်းအားဖြစ်နေပြီး သူမအား ရာထူးမှဖယ်ရှားရန် ရည်ရွယ်ထားသည်ဟု ဝေဖန်သူများမှ ဆိုသည်။

UN defers decision on Myanmar, Afghan Taliban seats – သတင်းကို ကျော်ဇံ ဘာသာပြန်သည်။

မြန်မာ၊ အာဖဂန် အရေးနှင့်ဆိုင်သည့် ဆုံးဖြတ်ချက် ယူအန် ရွှေ့ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ