သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့အရေး အမေရိကန်နှင့် အာဆီယံဆွေးနွေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံတွင် ယခုသီတင်းပတ်နှောင်းပိုင်းကျင်းပမည့် အမေရိကန် – အာဆီယံထိပ်သီးအစည်းအဝေးမှာ သမ္မတ Joe Biden နှင့် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ မြန်မာအရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အမေရိကန် သမ္မတ Joe Biden နှင့် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့သည် အာဆီယံနဲ့ မိတ်ဖက်ဆက်ဆံရေး၊ အာဆီယံ၏ အချက်အချာကျမှုကို ပို၍ခိုင်မာလာအောင် လုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်လက်ကြုံတွေ့နေရသော လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး အကျပ်အတည်းများနှင့် ဒေသတွင်းနဲ့ နိုင်ငံတကာ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

လာမည့် နိုဝင်ဘာလ ၁၂၊ ၁၃ ရက်များတွင် ကျင်းပအမည့် အမေရိကန်၊ အာဆီယံနှင့် အရှေအာရှ ထိပ်သီးအစည်းအဝေးများမတိုင်မီ ဖနွမ်ပင်မြို့တွင် အာဆီယံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ထားခဲ့ကြသော်လည်း ပူပေါင်းဆောင်ရွက်မှု မရှိဟုဆိုကာ မြန်မာစစ်ကောင်စီ တာဝန်ရှိသူများအား ထိပ်သီးအစည်းအဝေးပွဲသို့ ဖိတ်ကြားထားခြင်း မရှိပ။

အာဆီယံအနေဖြင့် မြန်မာ့အရေးမှာ ပို၍ထိရောက်အောင်ကိုင်တွယ်ဖို့ တိုက်တွန်းမှုများလည်းထွက်ပေါ်လျက်ရှိနေသည်။

ထိုဆွေးနွေးပွဲတွင် မြန်မာ့အရေးအခင်း ပြဿနာများ အပါအဝင် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှု၊ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ