Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့အရေးအတွက် အလွတ်သဘောဆွေးနွေးပွဲ Track 1.5 ကို အိန္ဒိယမှာ ကျင်းပမည်

မြန်မာ့အရေးအတွက် အလွတ်သဘောဆွေးနွေးပွဲ Track 1.5 ကို အိန္ဒိယမှာ ကျင်းပမည်

ABN-ရာဟု

မြန်မာအရေးအတွက် အလွတ်သဘော ဆွေးနွေးမည့် Track 1.5 ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲ တစ်ရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လာမည့်တစ်ပတ်အတွင်း ကျင်းပမည်ဟု သိရှိရသည်။

Track 1.5 ဆွေးနွေးပွဲကို ၃ရက်ကြာကျင်းပမှာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ပဇီကြီးကျေးရွာကို လေကြောင်းကတိုက်ခိုက်မှုနှင့် မြန်မာပြည်အတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံက ယခုဆွေးနွေးပွဲကို စတင်ဦးဆောင်လာခြင်းဖြစ်ကာ မြန်မာ့အကျပ်အတည်းသက်ရောက်မှု ဒဏ်ခံနေကြရသည့် ပါဝင်ပတ်သတ်သူများကြားမှာ ဆွေးနွေးရေးလမ်းကြောင်း တစ်ခုပွင့်အောင် ဆောင်ရွက်လိုခြင်းဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံတွင် ကျင်းပမည့်ဆွေးနွေးပွဲတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ထိပ်တန်းအရာရှိများ၊တတ်သိပညာရှင်ကိုယ်စားလှယ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များ၊ ထိုင်း ၊လာအို၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယစသည့် အာဆီယံမိတ်ဖက် နိုင်ငံများပါဝင်ပြီး အဓိက အလှူရှင် နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံက ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

အစိုးရချင်း နှစ်ဖက်တွေ့ဆုံးဆွေးနွေး​သည်ကို Track 1 ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးသည်ကို Track 2 ၊ အစိုးရအကြီးတန်အရာရှိများ၊အစိုးမဟုတ်သည့် အသ်ိပညာ အတတ်ပညာရှင်များ ပါဝင်တွေ့ဆုံဆွေးနွေးသည့်ပွဲကို Track 1.5 ဟု ခေါ်သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ