Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကို မနက်ဖြန် ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ရှိ

မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုချက်များပါသည့် ဆုံးဖြတ်ချက်မူကြမ်းကို မနက်ဖြန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်သွယ်ဖွယ်ရှိကြောင်း သံတမန်များကပြောသည်။

ယခုပြုလုပ်မည့် ဆုံးဖြတ်ချက်တွင် မြန်မာစစ်တပ်အပေါ် ပြင်းထန်သည့် အ‌ရေးယူဆောင်ဆောင်ရွက်မှုတွေ ပါလာနိုင်သောကြောင့် လုံခြုံရေးကောင်စီဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများရှိနေပြီး ရုရှားနဲ့ တရုတ်နိုင်ငံများမှာ ထိုဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်လာနိုင်ကြောင်း သံတမန်များက သုံးသပ်နေကြသည်။

ဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဗြိတိနိုင်ငံက ဦးဆောင်ရေးဆွဲနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုံးဖြတ်ချက် မူကြမ်းတွင် အာဆီယံနိုင်ငံများကြား သဘောတူထားသည့် ဘုံသဘောတူညီချက်များကို တိတိကျကျ မြန်မြန်ဆန်ဆန် အကောင်းအထည်ဖော်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းထားခြင်းများ၊ အပြုသဘောဆောင်ဆွေးနွေးမှုနှင့် ရင်ကြားစေ့မှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ပြုလုပ်ဖို့ တောင်းဆိုချက်များပါကြောင်း ရိုက်တာ သတင်းအရ သိရသည်။

မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကို မနက်ဖြန် ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ