Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်အပ်ရန် ကုလအထွေထွေညီလာခံတွင် အတည်ပြု

ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလအထွေထွေညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ပေးခန့်အပ်ရန် သဘောတူလိုက်ကြောင်းသိရသည်။

ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရန် အတည်ပြုရာ၌ တရုတ်နှင့် ရုရှားအပြင် မည်သည့်နိုင်ငံကမှ ကန့်ကွက်ခြင်းတစုံတရာမရှိဘဲ ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း တရားဝင် ခန့်အပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ရာထူးမှ ရပ်ဆိုင်းပြီး ကိုယ်စားလှယ်အသစ်ခန့်အပ်ရေး အဆိုပြုလွှာကို လျစ်လျူရှုကာ ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်အပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ Credential Committee ရဲ့ အစီရင်ခံစာကို ကျနော်တို့ တူညီဆန္ဒနဲ့ မဲမခွဲဘဲ အတည်ပြု ပါတယ်။ ဒီလို အတည်ပြုလိုက်တဲ့အတွက်ကြောင့် ကျနော်တို့ ကုလသမဂ္ဂ ဆိုင် ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် မနှစ်ကလိုပဲပေါ့နော်။ ဒီနှစ်ဆိုရင် တော့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံကိုယ်စား ပြုပြီး တော့ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဆောင်ရွက်ရမယ့် လမ်းစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။ အမြဲတမ်း ကိုယ်စားလှယ်တစ်ယောက်နဲ့ မြန်မာနိုင်ငံအကျိုး၊ မြန်မာပြည်သူတွေရဲ့ အကျိုးကို မြန်မာပြည်သူတွေရဲ့ အသံ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာက သိအောင် မနှစ်ကလိုပဲ ဒီနှစ်မှာလည်း ကုလသမဂ္ဂမျက်နှာစာကနေ တစ်ဆင့် နိုင်ငံတကာကို သိရှိဖို့ အတွက် ဆက်လက်ပြီးတော့ အသံတွေကို ဆက်လက် အသိပေးသွားနိုင်မယ်” ဟု ဦးကျော်မိုးထွန်းက မီဒီယာသို့ ဖြေကြားထားသည်။

မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ခန့်အပ်ရန် ကုလအထွေထွေညီလာခံတွင် အတည်ပြု

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ