Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာလုပ်သားများ အများအပြားလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ ရှိ Aerosoft ဖိနပ်စက်ရုံ မီးလောင်မှု ဖြစ်ပွား၊ ၂ ဦးဒဏ်ရာရ၊ ဘတ် သန်း ၂၀ ခန့်ဆုံးရှုံး

ထိုင်းနိုင်ငံ ၊ ဘန်ဖီ ခရိုင်ရှိ Aerosoft ဖိနပ်စက်ရုံတွင် မနေ့ ညက လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်မှုကြောင့် အဆောက်အအုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုစက်ရုံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ များစွာ လုပ်ကိုင်လျက်ရှိကြပြီး၊ ဒဏ်ရာရရှိသူများမှာ မည်သူ မည်ဝါဖြစ်သည်ကို ထိုင်သတင်းများက ဖော်ပြထားသည်ကို မတွေ့ရပေ။

ဖိနပ်များထုတ်လုပ်သောစက်ရုံသည် ဘန်ချာလုံ အဝေးပြေးလမ်းမ- ဘန်နထရက်ဖက်ခြမ်းတွင်တည်ရှိသည်။ ထိုစက်ရုံအတွင်းအလုပ်သမား တစ်ရာကျော်လောက် ရှိပြီး ၎င်းတို့ အလုပ်ဆင်းချိန် ၅ နာရီခွဲခန့်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ အလုပ်သမားများသည် အရေးပေါ် မီးထွက်ပေါက်မှ ထွက်ပြေးလွတ်‌မြောက် ခဲ့ကြသည်။

မီးလာင်မှုသည် ဖိနပ်စက်ရုံ၏ မြေညီထပ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ထိုင်းရဲတပ်ဖွဲဝင်များက မီးငြိမ်းသတ်ရန်အတွက် မီးသတ်ကား ၂၀ ခန့်ကို အသုံးပြုခဲ့ကြောင်း သတင်းရစ်များမှ သိရှိရသည်။

မီးသတ်သမားများသည် မီးလောင်နေသည့် အဆောက်အအုံ များကို မီးငြိမ်းသတ်နေစဥ်အတွင်း ရဲတပ်ဖွဲဝင်များက လမ်းများကို ပိတ်ဆို့ထားခဲ့ကြသည်။ အဆိုပါစက်ရုံကို ငါးနာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး ၎င်းအဆောက်အအုံ၏ နံရံများတွင် မီးလောင်အက်ကွဲမှုများရှိခဲ့ကာ ထိခိုက်ပျက်စီးမှု တန်ဖိုး ထိုင်းဘတ်ငွေ သန်း ၂၀ ခန့်ဟု သိရသည်။

သိုသော်လည်း စက်ရုံအတွင်းရှိ အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို မီးမလောင်ကျွမ်းခဲ့ဟု စက်မှုဝန်ကြီး ဌာနမှ ပြောကြားခဲ့သည်။

ယနေ့ မနက်ပိုင်းထိ Summit Footwear စက်ရုံရှေ့မှာ ဘန်နာ-ထရတ် အဝေးပြေးကားလမ်းကို ရဲတပ်ဖွဲက ပိတ်ထားဆဲဖြစ်ပြီး မီးလောင်ကျွမ်းသွားသည့် အဆောက်အအုံ၏ မီးကြွင်းမီးကျန်များကို မီးသတ်သမားများက ငြိမ်းသတ်နေကြဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ