Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာရွှေ့ပြောင်းလုပ်သား ၂၅ဦး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရ

မြန်မာရွှေ့ပြောင်းလုပ်သား ၂၅ဦး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရ

ABN-ထက်မြတ်ခင်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ခိုးဝင်သည့် ​မြန်မာလုပ်သား ၂၅ဦးလိုက်ပါလာသည့် ကားတစ်စီးကို ထိုင်းအာဏာပိုင်အဖွဲ့က မတ်လ ၃၀ရက်နေ့ ၁၀နာရီခွဲအချိန်တွင်ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ထိုမြန်မာလုပ်သား ၂၅ဦးတို့မှာ ကား၏အနောက်ခန်းတွင်စီးလာပြီး ၎င်းတို့ကို ချူဖွန်ခရိုင် အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်တစ်ခုတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် မတ်လ ၂၃ရက်နေ့ ညနေ့ပိုင်က ထိုင်းနိုင်ငံ ချူဖော်ခရိုင်၊ လန်စွန်မြို့မှာ ကုန်တင်ကားကြီးတစ်စီးပေါ်မှ အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၇၇ဦးတို့ကို ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၇နေ့ကလည်း ထိုင်းနိုင်ငံနခွန်ရာချ်စီမာခရိုင်တွင်ရှိသည့် ရာဘာခြံတစ်ခုတွင် အစာရေစာပြတ်နေသည့် မြန်မာလုပ်သား ၃၉ဦးကို ထိုင်းအာဏာပိုင်များက တွေ့ရှိပြ ကယ်ဆယ်လိုက်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ်လအတွင်း ခိုးဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ဝ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ