Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာပြည်သူများကို အကာအကွယ်ပေးဖို့ မေ့မသွားကြရန် ကုလအထူးကိုယ်စားလှယ် ထပ်မံသတိပေး

မြန်မာပြည်သူများကို အကာအကွယ်ပေးဖို့ မေ့မသွားကြရန် ကုလအထူးကိုယ်စားလှယ် ထပ်မံသတိပေး

ABN- ရာဟု

မြန်မာနိုင်ငံက ပြည်သူများကို အကာအကွယ်ပေးဖို့မေ့မသွားကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စာလှယ် မစ္စတာ တွမ်းအင်ဒရူးစ်က မတ်လ၂၀ရက်နေ့က ပြောကြားခဲ့သည်ဟု သိရသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျင်နီဗာမြို့တွင် ကျင်းပပြုလုပ်နေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂နှစ်ကြိမ်မြောက် အစည်းအဝေးမှာ မစ္စတာတွမ်းအင်ဒရူးစ်က မြန်မာပြည်သူများသည် သူတို့၏ အခွင့်အရေးများရနိုင်ဖို့ အတွက် တိုက်ပွဲဝင်နေကြသည်ကို နိုင်ငံတကာအစိုးရများအနေဖြင့် မေ့မသွားကြဘဲ မြန်မာပြည်သူများကို အကာအကွယ်ပေးကြရန်အတွက် သတိပေးတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ချို့နှင့် အဖွဲ့အစည်းတစ်ချို့လည်း လူ့အခွင့်အရေးချိုးဖေါက်မှုနှင့်ပတ်သက်သည့် သတ်ဖြတ်မှုများကို အားပေးထောက်ခံရာရောက်သည့် စစ်လက်နက်ထောက်ပံ့ပေးခြင်းများအပြင် အာဏာသိမ်းစစ်ကောင်စီကိုယ်တိုင် စစ်လက်နက် ပစ္စည်းများထုတ်လုပ်နိုင်အောင် ကူညီပေးနေခြင်းများကို လုံးဝရပ်တန့်ပစ်ရန် မစ္စတာ တွမ်းအင်ဒရူးစ်က တောင်းဆိုခဲ့သည်ဟု သိရသည်။

မစ္စတာ တွမ်းအင်ဒရူးစ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို တင်သွင်းသူဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ