သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနှင့် အာဆီယံအကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရန် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

ထိုင်းအနေဖြင့် မြန်မာနှင့် အာဆီယံအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရန် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်လိုကြောင်းနှင့် မြန်မာနိုင်ငံကို ရေရှည်တည်တံသော ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ တရားဝင်ဖိတ်ခေါ်မှုဖြင့် ကျင်းပပြုလုပ်သော နှစ်နိုင်ငံသီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် နယ်နိမိတ် မျှဝေထားသော အိမ်နီချင်းနိုင်ငံများဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံသော ငြိမ်းချမ်းရေးဖြစ်ပေါ်လာစေရန် ထိုင်းနိုင်ငံအနေဖြင့် မျှော်လင့်ကြောင်းနှင့် ၎င်းမှာ ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း အကျိုးရှိကြောင်း ပြောဆိုသည်။

ရွေးကောက်ပွဲလုပ်ငန်းစဥ်များသည် စနစ်တကျ ဖြစ်ခဲ့ကြောင်းနှင့် သင်္ကြန်မတိုင်မီ အစိုးရအသစ်ဖွဲ့နိုင်မည်ဟု မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရအသစ်သည် တိုင်းပြည်တည်ငြိမ်ရေးနှင့် အမျိုးသားညီညွတ်ရေးကို ဦးတည်ပြီး တိုင်းရင်းသားအဖွဲ့များအပါအဝင် ဒီမိုကရေစီ တောင်းဆိုနေကြသည့် အဖွဲ့များနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ