သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံအတွင်း စုံရက် – မရက် ယာဥ်စနစ်ဖြင့်သာ သွားလာရေး ထုတ်ပြန်ထားသည့် စစ်ကော်မရှင် က စက်သုံးဆီ စဉ်ဆက်မပြတ် တင်သွင်းနေဟု ဆို

AB News – မတ် ၉၊ ၂၀၂၆

စက်သုံးဆီဖူလုံမှုတွက် စက်သုံးဆီများ စဥ်ဆက်မပြတ်တင်သွင်းလျှက်ရှိကြောင်း စစ်ကော်မရှင်ပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် တင်သွင်းထားပြီးသည့် စက်သုံးဆီများကို သုံးစွဲသူများလက်သို့ အမှန်တကယ်ရောက်ရှိနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ စက်သုံးဆီများကို မလိုအပ်ပဲ ဝယ်ယူစုဆောင်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် ခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဥ်ရေးဆွဲပြီး ကြပ်မတ်ဆောင်ရွက်လျှ
က်ရှိကြောင်း ဆိုထားသည်။

စက်သုံးဆီဖုံလုံမှုအတွက် စဥ်ဆက်မပြတ်တင်သွင်းလျှက်ရှိရာ ယနေ့တွင် သင်္ဘောတင်သွင်းရောက်ရှိမှုအခြေအနေမှာ “သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော ၂ စင်း၊ လမ်းခရီးတွင် သင်္ဘော ၂ စင်း၊ ဆီတင်လျှက်ရှိသည့် သင်္ဘော ၃ စင်းနှင့် ဆီတင်ရန် စောင့်ဆိုင်းလျှက်ရှိသည့် သင်္ဘော ၅ စင်း ” စုစုပေါင်း ၁၄ စင်း အထိရှိကြောင်း ဖော်ပြထားသည်။

လက်ရှိမှာ လောင်စာဆီရှားပါးလာနိုင်သည့်အခြေအနေကို ထိန်းချုပ်ရန်ဟုဆိုကာ စစ်ကော်မရှင်က ” စုံရက် – မရက် ( Odd-Even) ယာဥ်စနစ် ” ကို ယခုနှစ် ၂၀၂၆၊ မတ်လ ၃ ရက်နေ့က ကြေညာခဲ့ပြီး ယခုနှစ် ၂၀၂၆၊ မတ်လ ၇ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။

အဆိုပါ စနစ်သည် private ကားများကိုသာ အသက်ဝင်မည်ဖြစ်ပြီး တက္ကဆီ၊ ဘစ်စ်ကား၊ အရေးပေါ် လူနာတင်ယာဥ်များအပေါ် ကန့်သတ်ထားခြင်းမဟုတ်ကြောင်းလည်း သိရသည်။

တစ်ဖက်တွင်လည်း စုံရက် – မရက် ယာဉ်စနစ်ကို ကြေညာခဲ့ပြီးနောက် ယခင်က အရောင်းပါးခဲ့သော EV မော်တော်ကား၊ မော်တော်ဆိုင်ကယ်များမှာ ယခုတွင် အဆမတန် ဝယ်လိုအားများလာကြောင်း သိရသည်။

“စုံရက် – မရက် စနစ်ကြောင့်ရော၊ ဆီပြဿနာတွေကြောင့်ရော EV ကား၊ EV ဆိုင်ကယ်တွေက အရောင်းသွတ်လာတယ်၊ တစ်စီး၊ နှစ်စီ ပုံမှန်ရောင်းနေရတဲ့ ဆိုင်တွေတောင် အခု stock ပြတ်ပြီး မရှိသလောက် အခြေအနေတွေဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည် ကားအငှားမောင်နှင်သူတစ်ဦးက AB News သို့ ပြောသည်။

ထို့အပြင် EV ကားတင်သွင်းမှုကို စစ်ကော်မရှင် ဥက္ကဋ္ဌ၊ ယာယီသမ္မတ မောင်အောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့က သီးခြားစီ လုပ်ပိုင်ခွင့်ရထားပြီး စီးပွားဖက်များအနေဖြင့် စစ်တပ်ထိပ်ပိုင်းခေါင်ဆောင်များ၏ သားသမီးများနှင့် ခရိုနီများလည်း ပါဝင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ