သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံအတွင်း ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးရန် ထိုင်းစစ်တပ်ကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

AB News – မတ် ၃၀ ၊ ၂၀၂၅

ငလျင်ဘေး ပြင်းထန်စွာ ခံစားနေရသော မြန်မာနိုင်ငံအတွက် ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးရန် ထိုင်းစစ်တပ်ကို စေလွှတ်ဖို့ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာက ကာကွန်ရေးဝန်ကြီး ဖွမ်တမ် ဝက်ချာယာချိုင်း ကို ညွှန်ကြားထားကြောင်း Bangkok post သတင်းအရ သိရှိရသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင် ၄၉ ဦး ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထိုင်းလေတပ်၏ C – 130 လေယာဥ်နှင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ်လိုအပ်ချက်များအပေါ် အဓိကထား၍ ကူညီသွားမည်ဖြစ်ပြီး နောက်ထပ်အထောက်ပံ့များအတွက် မြန်မာအစိုးရ၏ လိုအပ်ချက်အပေါ် မူတည်၍ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံမှ အကူအညီတောင်းခံမှုများကို ဆန်းစစ်၍ နောက်ထပ်ဆောင်ရွက် မည့် အစီစဥ်များကိုလည်း ဆုံးဖြတ်သွားမည် ဟု ဆိုသည်။

မတ်လ ၂၈ ရက်နေ့ (သောကြာနေ့) က ဖြစ်ပွားခဲ့သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိမြို့များတွင် လူပေါင်း ၁၆၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သြစတေးလျနိုင်ငံမှ မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်နိုင်စေရန် ဒေါ်လာ ၂ သန်းကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း ICRC မှ တဆင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းအပြင် အင်အားပြင်း ငလျင်ဘေးဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကူညီသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်ပ်က မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

အလားတူ ရုရှားနိုင်ငံမှလည်း ငလျင်ဘေးသင့်မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေး လေယာဥ် နှစ်စင်း ပို့ဆောင်လိုက်သည်ဟု ရုရှားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံမှလည်း မြန်မာပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအသုတ်ကို စတင်ပေးပို့နေပြီးဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနများမှ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကိုမဆို ဖိတ်ခေါ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ