ABN-မေအိအိအောင်
မြန်မာနိုင်ငံသား ၈ ဦးပါသည့် ဟောင်ကောင်ပိုင် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားကြောင်း နိုင်ငံခြားသတင်းဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံသား ၈ ဦးနှင့် တရုတ်နိုင်ငံသား ၁၄ ဦးတို့ပါသည့် ဟောင်ကောင်ကုန်တင်သင်္ဘောသည် ယနေ့ နံနက် ပိုင်း ၂ နာရီတွင် နစ်မြုပ်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။
တန်ချိန် ၆၅၅၁ တန်ရှိ သည့် အဆိုပါကုန်တင်သင်္ဘောသည် တောင်ကိုးရီးယားနိုင်ငံ ၊ဂျဲဂျူကျွန်း၊ ဆောဂွီမြို့ အရှေ့တောင်ပိုင်းနှင့် ၁၁၀ ကီလိုမီတာဝေးသည့်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဟောင်ကောင်သင်္ဘောနှင့် ဂျဲဂျူပင်လယ် ကမ်းခြေစောင့် ရဲတို့ ၂ နာရီ ၄၁ မိနစ် အချိန်ထိသာ အဆက်အသွယ် ရရှိပြီး ပြတ်တောက်သွားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် သင်္ဘောသား ၅ ဦးကို ကယ်ဆယ်ထားပြီး ကျန်ရှိသည့် သင်္ဘောသား ၁၇ ဦးကို ဂျပန် ပင်လယ်ကမ်းခြေစောင့်တပ်နှင့် ဂျဲဂျူ ပင်လယ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့တို့ ဆက်လက်ရှာဖွယ်နေကြောင်းသိရသည်။

