Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံမှာ ဟိန္ဒီဘာသာဝင် ၁၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ကျော်ကို အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုများကဓါးစာခံအဖြစ် ဖမ်းထား

ဘာသာပြန်သတင်း

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၇ ခုနှစ်က အစုလိုက်အပြုလိုက်သတ်ဖြတ်မှုလို ယခုအချိန်မှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ထဲတွင် ဟိန္ဒီနှင့် ဗုဒ္ဓဘာသာဝင်များစွာတို့သည် ဓါးစာခံအဖြစ် ဖမ်းဆီးခံနေရကြရသည်။

 “ဘူသီးတောင်မြို့နယ်မှာ မတည်ငြိမ်မှု တွေတိုးလာတာနဲ့အမျှ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုတွေက ဘာသာရေးကို အခြေခံပြီးတော့ တခြားသော လူမျိုးစုတွေကို ပစ်မှတ်ထား အကြမ်းဖက်နေပါတယ်။ သူတို့ အကြမ်းဖက်အုပ်စုတွေက ဓါးစာခံအဖြစ် ပြန်ပေးဆွဲထားတဲ့ ဟိန္ဒီဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကျော်ခန့် ရှိနေပါတယ်။” သတင်းအရင်းမြစ် တစ်ခုကဆိုသည်။

A massacre of Hindus by terror groups had taken place in Myanmar’s Rakhine state in 2017 (File photo | AP)

ဓားခံများ၏ လွတ်မြောက်နိုင်ရန် အသက်ရှင်သန်နိုင်ရန် မသေချာဖြစ်နေလျက်ရှိနေသည်။

ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကံမကောင်းသည့် လူငယ် နှစ်ဦးမှာ ဧပြီလ ၁၁ ရက်နေ့က လည်ပင်းကို ဓားဖြင့် လှီဖြတ် အသတ်ခံလိုက်ရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲ စဖြစ်ကတည်းက ပထမဆုံးအကြိမ် ယခုကဲ့သို့ လူငယ်များ လည်လှီသတ်ဖြတ်ခံရခြင်းဖြစ်သည်။

“စစ်ကောင်စီ မြန်မာတပ်ဟာ ARSA နှင့် ARA လို့ သိကြတဲ့ ဘင်္ဂလီ (မူရင်း-ရိုဟင်ဂျာ) အကြမ်းဖက်အုပ်စု ၂ ခုကို စစ်ရေးလေ့ကျင့်ပေးနေတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ထို ဘင်္ဂလီအကြမ်းဖက်အုပ်စုများသည် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူများ၏ နေအိမ်များ ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို ယူသည့်အပြင် နေအိမ်များအား မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

အစ္စလာမ်မစ် ဘာသာရေးအုပ်စုများအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံရေး ထောင်ချောက်ထဲသို့ မသက်ဆင်းစေဖို့ သတိပေးထားထားပြီး လူမျိုးဘာသာ မရွေး ဒေသခံများအားလုံးကို ကာကွယ်ပေးသွားမည်ဟု တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် အာရက္ခတပ်တော်က ဆိုထားသည်။

လက်ရှိ ဖြစ်နေသည့် အခြေအနေမှာ ၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များပါဝင်သည့် ဟိန္ဒီဘာသာဝင် ၁၀၀ နီးပါးကို ဘင်္ဂလီအကြမ်းဖက် အုပ်စုများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ကို ပြန်လည် အမှတ်ရစေသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ရောက်နေသည့် သူများအား အတိအကျ လေ့လာစုံစမ်းပြီး မှတ်တမ်းတင်ရေးသားခဲ့သည်။

ဖော်ပြပါ သတင်းမှာ ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်နေ့တွင် The Indian Express သတင်းစာ၌ Yeshi Seli မှ ရေးသားထားသော Islamic terror groups holding over 1600 Hindus, 120 Buddhists hostage in Myanmar ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ