Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း IDP ၁ ဒဿမ ၇သန်းကျော်ထိ ရှိလာကြောင်း UN- OCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း IDP ၁ ဒဿမ ၇သန်းကျော်ထိ ရှိလာကြောင်း UN- OCHA ထုတ်ပြန်

ABN-ရှိုင်းမိုး

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၁၃ရက်နေ့ထိ ( IDP ) ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒဿမ ၇သန်းကျော်ထိရှိလာသည်ဟု UN-OCHA က မတ်လ ၂၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုနေရပ်စွန်ခွာသူများသည် ၂၀၂၃ခုနှစ် မတ်လ ၁၃ရက်နေ့ထိ စစ်အာဏာသိမ်းပြီး‌ နေရပ်စွန်ခွာသူပေါင်း ၁ ဒဿမ ၄သန်းကျော်ထိရှိပြီး၊ ကျန်ရှိနေသောသူများမှာ တိုက်ပွဲကြောင့်နေရပ်စွန့်ခွာသူများပါဝင်သည်။

နေရပ်စွန်ခွာသူမျာထဲတွင် စစ်ကိုင်းတိုင်း၊ ကရင်နီ( ကယား ) ပြည်နယ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးစသည့်ဒေသများဖက်မှ နေထိုင်သူများဖြစ်ကြသည်။

“မြန်မာနိုင်ငံတစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၇ သန်းကျော် ရှိလာပြီ၊ အခုဆိုရင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်တက်နေပါတယ်။ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တာကြောင့် နေရပ်စွန့်ခွာရသူတွေ၊ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးတွေ ဖြစ်ပွားခဲ့ပါတယ်” ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်။

ပဋိပက္ခနဲ့မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ပြီး၊ အများဆုံးအနေနဲ့ နိုင်ငံ၏အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းကဖြစ်ကာ နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ ၉၄၃,၁၀၀ နဲ့ ၄၀၉,၄၀၀ အသီးသီးရှိသည်။

ရခိုင်ပြည်တွင်လည်း တိုက်ပွဲကြောင့် နေရပ်စွန်ခွာသူ ၇ သောင်းဝန်ကျင်ခန့်အထိ နေရပ်မပြန်နိုင်ဘဲ ရှိနေသေးသည်။

ကျေးရွာအတွင်း၊ ကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ခြင်း၊ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသတို့တွင် မိုင်းရှင်းလင်းမှုမရှိခြင်းနှင့် အိုးအိမ်များ ကျည်ကျပျက်စီးသွားခြင်း စသည့်အကြောင်းအရာများကြောင့် စစ်ဘေးရှောင်အများစုမှာ နေရပ်မပြန်နိုင်ဘဲ ရှိနေကြသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ