Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုသမားဟုသံသရှိသူ ၁၅ ဦးကို ထိုင်းစစ်တပ်မှ ပစ်ခတ်သတ်ဖြတ်၊ မြန်မာနိုင်ငံသားများ ဖြစ်ဖွယ်ရှိဟု ထိုင်းရဲများယူဆ

မက်ဖက်တမင်းဆေးပြားအပြည့်ထည့်ထားသည့် ကျောပိုးအိတ် ၂၉ အိတ်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည် ဟု ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မြောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ သံသယဖြစ်ဖွယ် မူးယစ်မှောင်ခိုကူးသူ အနည်းဆုံး ၁၅ ယောက်ခန့်ကို ထိုင်းစစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ထိုင်းစစ်တပ်အရာရှိများနှင့် ဒေသခံများမှ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အခင်းဖြစ်ပွားစဥ်အတွင်း တခြား လက်နက်ကိုင်ဆောင်ထားသည့် လူများလွတ်မြောက်သွားခဲ့သည်။

သို့ရာတွင် မက်ဖက်တမင်းဆေးပြားအပြည့်ထည့်ထားသော ကျောပိုးအိတ်များကို အာဏာပိုင်များမှ သိမ်းဆည်းရမိခဲ့သည် ဟုဆိုသည်။

မြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော အနောက်နိုင်ငံမူးယစ်စျေးကွက်သို့တင်ပို့ရန် မလေးရှားနိုင်ငံကိုသွားသည့် နယ်စပ်ဒေသသည် အလွန်ပင်နာမည်ဆိုးနှင့် ကျော်ကြားသည့် မူးယစ်လမ်းကြောင်းလည်းဖြစ်သည်။

“လက်ရှိအချိန်တွင် ဖမ်းဆီးပစ်ခတ်ခဲ့သော အလောင်း ၁၅လောင်းကို သေမှုသေခင်းဖြစ်စဥ်များအတွက် စိစစ်လုပ်ဆောင်နေသည်။ အစပိုင်းတွင် ထိုသတ်ဖြတ်ခံရသူများမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟုဆိုသော်လည်း အတည်မပြုနိုင်ပေ” ဟု ချင်းမိုင်ခရိုင်ရှိ ဖာမူအန်အထူးတပ်ဖွဲ့၊

အမှတ် (၂) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယ ဗိုလ်မှူးကြီး ယိုဆာမွန် ဆစ်ထစ်ပ်ချိုင် က ဘီနာသတင်းဌာနကို ပြောကြားခဲ့သည်။

အထူးတပ်ဖွဲ့သည် ကျောပိုးအိတ် ၂၉ အိတ်နှင့်အတူ လက်နက်အမြောက်အများကို တွေ့ရှိခဲ့ရပြီး ကျောပိုးအိတ် တစ်အိတ်စီတွင် မက်ဖက်တမင်းဆေးပြား ၁၂ ကီလို(၂၆.၄ပေါင်) ထိပါရှိပြီး စုစုပေါင်းအရေအတွက်မှာ ၃၂၈ကီလို (၇၆၇ပေါင်) ဖြစ်သည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများအားလုံးကို ချင်းမိုင်ခရိုင် မှုခင်းဌာနသို့ ယူဆောင်သွားသည်ဟု ဆိုသည်။

နောက်ထပ် အထူးတပ်ဖွဲ့မှ အရာရှိတစ်ဦးက သေဆုံးမှုစာရင်းကို အတည်ပြုခဲ့ပြီး လက်နက်များနှင့်အတူ လက်ပစ်ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“အစပိုင်းမှာ တခြားတရားခံတွေက ထွက်ပြေးဖို့ကြိုးစားနေစဥ်မှာပဲ ၁၅ယောက် သေသွားတယ်။ အရေအတွက် ဘယ်လောက်ထွက်ပြေးသွားလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူး” ဟု လုပ်ငန်းအခြေအနေအရ အမည်မဖော်လိုသည့် အရာရှိမှ ပြောကြားခဲ့သည်။

ရှေ့ဆက် ဆက်မသွားရန် တားမြစ်သည့် ထိုင်းအာဏာပိုင်များကို ပစ်ခတ်မှုမလုပ်ခင် မူးယစ်မှောင်ခိုသမား အုပ်စုသည် မြန်မာဖက်ခြမ်းမှ ချင်းမိုင်၏ ဖန်ခရိုင်ရှိ ကမ္ဘာလှည့်ခရီးသည်များလည်ပတ်ရာ နေရာဖြစ်သည့် တောင်ပေါ်သို့ ခြေကျင်တက်သွားကြသည်။

ကင်းထောက်လှမ်းသူများမှ ၄င်းနေ့အစောပိုင်းတွင် မြန်မာဖက်မှ လူ ၁၅ယောက်မှ ၂၀ထိ ရှိသော လူတစ်စု ဖြတ်သွားသည်ကို အစီရင်ခံခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီး ယော့ဆမွန်က ဆိုသည်။

လွန်ခဲ့သော မေလအကုန်တွင် ချင်းမိုင်နှင့်ကပ်လျက်ရှိသော ချင်းရိုင်ခရိုင်၊ ဘန်လိုင်စ် တွင် ထိုင်းစစ်သားများနှင့် မှောင်ခိုသမားများ တိုက်ပွဲဖြစ်ပွားပြီးနောက် ဤပစ်ခတ်မှုသည် အပြင်းထန်ဆုံးဖြစ်သည်။

မေလအတွင်းက ဖြစ်ပွားခဲ့သော ထိတွေ့မှုတွင် ထိုင်းစစ်သားများမှ မှောင်ခိုသမား (၈)ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မက်ဖက်တမင်းဆေးပြား ၂ သန်းကျော် ဖမ်းဆီးရမိခဲ့သည်။

မူးယစ်နှိမ်နှင်းရေးအထူးတပ်ဖွဲ့အနေဖြင့် ယခုနှစ်ကုန်အထိ ဆေးမှောင်ခိုသမားများနှင့် တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိကြောင်း ယုံကြည်နေကြသည်ဟု ထိုင်းအာဏာပိုင်များပြောကြားခဲ့ပြီး ထိုင်းနိုင်ငံအတွင်းခရီးသွားများကိုလည်း ဖန်ခရိုင်ရှိ နယ်စပ်ဒေသများတွင် ခရီးသွားလာခြင်းကို ရှောင်ရန်လိုအပ်ကြောင်း အကြံပြုထားသည်။

ကျေးရွာ ဒုတိယ ဥက္ကဌ ဆစ်ထီချုပ် အိန်တာဆန်းက ယခုနှစ်အတွင်း မှောင်ခိုသမားများနှင့် ပစ်ခတ်မှုအများအပြား ရှိခဲ့ကြောင်းဆိုသည်။

“ရွာသားတွေက ဖန်ခရိုင်အတွင်းမှာ မူးယစ်လမ်းကြောင်းတွေ၊ ကွန်ယက်တွေအများကြီး ရှိတယ်ဆိုတာကို သိကြတယ်၊ ဒါပေမယ့် သူတို့ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိကြဘူး” သူကဟုဆိုသည်။

မူးယစ်လမ်းကြောင်း

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မူးယစ်မှောင်ခိုသမားများသည် မက်ဖက်တမင်း၊ ဘိန်း တို့ကို မလေးရှားနိုင်ငံသို့ တင်ပို့ရန် ထိုင်းနိုင်ငံကို ဖြတ်သွားကြပြီး မလေးရှားမှ တဆင့် တခြားနိုင်ငံများသို့ တင်ပို့သည်ဟု ဆိုသည်။ ၂၀၂၁ခုနှစ်တွင် ယာဘ (ခေါ်) မက်ဖက်တမင်းဆေးပြား သန်း ၅၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟုလည်း ဆိုထားသည်။

ပြီးခဲ့သည့် လနှောင်းပိုင်းက ဝန်ကြီးချုပ် ပရာယုသည် မူးယစ်မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို အရှိန်တိုးမြှင့် နှိမ်နှင်းရန် အစီအစဥ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့သည်။

စက်တင်ဘာလ အကုန်တွင် ချိုင်ပကန်ခရိုင်ရှိ နယ်စပ်ကင်းလှည့်လည်သည့် ရဲတပ်ဖွဲ့မှ ဆက်စပ်နယ်မြေများအတွင်း မက်ဖက်တမင်း ဆေးပြား ၁.၅ သန်းနီးပါးကို ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလ နှောင်းပိုင်းတွင်လည်း ဖာမူအန် အထူးတပ်ဖွဲ့သည် ထွက်ပြေးရန်ကြိုးစားသော ဒါဇင်နှင့်ချီသည့် မူးယစ်မှောင်ခိုသမားများနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ သို့ရာတွင် မှောင်ခိုသမားများမှာ မက်ဖက်တမင်းဆေးပြား ကီလို ၂၀၀ကျော်ကို ချန်ထားကာ ထွက်ပြေးသွားခဲ့သည်။

ဓာတ်ပုံ-AP

RFA သတင်းပါ BenarNews ၏ သတင်းထောက် Kunnawut Boonreak ရေးသားသော Thai soldiers kill suspected traffickers along Myanmar border ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုသမားဟုသံသရှိသူ ၁၅ ဦးကို ထိုင်းစစ်တပ်မှ ပစ်ခတ်သတ်ဖြတ်၊ မြန်မာနိုင်ငံသားများ ဖြစ်ဖွယ်ရှိဟု ထိုင်းရဲများယူဆ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ