Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာစစ်ဘေးရှောင် ၈၀ ကို အိန္ဒိယရဲများက ဖမ်းဆီး

ABN-နွယ်စိုး

ဇန်နဝါရီ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံဘက်ခြမ်း၌ မဏိပူရပြည်နယ်၊မိုးရေးမြို့နယ်အတွင်း ခိုလှုံနေသည့် မြန်မာစစ်ဘေးရှောင် အမျိုးသား ၈၀ ကို အိန္ဒိယကွန်မန်ဒိုရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးကာ အကျဥ်းထောင်များတွင် ချုပ်နှောင်ထားသည် ဟု သိရသည်။

ထိုစစ်ဘေး‌ရှောင်များမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက တမူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ကြသည့် စစ်ဘေးရှောင်များဖြစ်ပြီး မိုးရေးမြို့ရဲစခန်း တောင်ဘက်၇ ကီလိုမီတာခန့် အကွာရှိ လန်းချန်းကျေးရွာ(Lhang Chan) အနီးတွင် ခိုလှုံနေကြခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၇ရက်နေ့ နံနက် ၆ နာရီခန့်တွင် မဏိပူရပြည်နယ်၊ အိန္ဒိယကွန်မန်ဒိုရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည် စစ်ဘေးရှောင်အများစုမှာ သက်ကြီးပိုင်း ၇၁ ဦးနှင့် အသက်မပြည့်သေးသူ ၉ ဦး ပါဝင်ပြီး သက်ကြီးပိုင်းရွယ်အိုများကို ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းကတည်းပင် တမူးမြို့နယ်မှတဆင့် အာဖာမြို့ရှိ (Sajiwaထောင်သို့) ပို့ဆောင်ပြီး ချုပ်နှောင်ထားကာ အသက်မပြည့်သေးသူ လူငယ်များကို အင်ဖာကလေးထိန်းသိမ်းရေးစခန်း(Khong jon)တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူစစ်ဘေး‌ရှောင်အများစုမှာ အသက် ၇၀ ခန့်အရွယ် ၂ ဦးနှင့် သက်ကြီးပိုင်း၇၁ဦးအပြင် အသက်မပြည့်သေးသူ ၁၀ ဦးဖြစ်ပြီး စုစုပေါင်း ၈၃ ဦး ကို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း lmphal Free Press သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးပြီး အကျဥ်းထောင်သို့ပို့ဆောင်၍ ချုပ်နှောင်ထားရခြင်းနှင့်ပတ်သက်ပြီး ၄င်းတို့လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ အကူအညီတောင်းထားပြီး ၄င်းတို့အား တရားမဝင် နယ်မြေဖြတ်ကျော် ဝင်ရောက်နေထိုင်မှုကြောင့် မိုးရေးရဲစခန်းတွင် အမှုဖွင့်ထားသည် ဟု သိရသည်။

မြန်မာနိုင်ငံသားအများစုမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်းရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံရလျက်ရှိသည်။

ဓာတ်ပုံ-အိန္ဒိယဘက်ခြမ်းတွင် မြန်မာ့စစ်ဘေးရှောင်များ စစ်ဆေးခံနေရစဥ်

မြန်မာစစ်ဘေးရှောင် ၈၀ ကို အိန္ဒိယရဲများက ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ