Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မဲဆောက်တွင် မြန်မာတော်လှန်ရေး အဖွဲ့များ နေထိုင်သည့် တိုက်တစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း

မဲဆောက်တွင် မြန်မာတော်လှန်ရေး အဖွဲ့များ နေထိုင်သည့် တိုက်တစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း

ABN-နွယ်စိုး

မဲဆောက်ရှိ တာ့ခ်ခရိုင်တွင် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ထိုင်းအာဏာပိုင်များသည် အ‌ဆောက်အအုံများကို ဝင်ရောက်စီးနင်းရာတွင် မြန်မာနိုင်ငံမှ တရားမဝင် နေထိုင်သော ကလေးငယ်များအပါအဝင် ၂၀၀ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်သုံးပစ္စည်းများနှင့်ဆေးဝါးပစ္စည်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

‌ထိုင်းနိုင်ငံမှ စစ်သားများ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး မယ်တော်မြို့နယ် မရွှေဗီလာရှိ လေးထပ်အဆောက်အအုံ ၄၀ နီးပါးကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံများတွင် မြန်မာနိုင်ငံမှ နယ်စပ်ကို ဖြတ်ကျော်ပြီး ခိုးဝင်လာခဲ့ကြသည့် အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ ဖြစ်ကြသော ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) အဖွဲ့ဝင်များ နေထိုင်ခဲ့ကြောင်း ထောက်လှမ်းရေး သတင်းများအရ သိရသည်။

အဆိုပါတပ်ဖွဲ့အများစုမှာ ထိုနယ်မြေအနီးအနားရှိ စီးပွားရေဆိုင်ရာ အဆောက်အအုံများတွင် ငှားရမ်းပြီး နေထိုင်ခဲ့ကြောင်း သိရသည်။

ထိုဝင်ရောက်စီးနင်းမှုတွင် ကလေးငယ်များအပါအဝင် အသက်အရွယ်စုံ မြန်မာနိုင်ငံသား ၂၀၀ကျော်ကို အဆောက်အအုံများတွင် တွေ့ရှိခဲ့ပြီး ၄င်းတို့အထဲမှ အများအပြားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းနှင့် ၈၃ ယောက်ကို လုံခြုံရေး အရာရှိများက စစ်‌ဆေးမေးမြန်ရန် ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်အရ သိသည်။

ထို့အပြင် ထိုအဆောက်အအုံများတွင် ကျည်ဆန်များ၊ စစ်သုံးပစ္စည်းများ၊ ယူနီဖောင်းများ၊ ဒရုန်းများနှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တံဆိပ်များအပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံမှာ ဟောင်းနွမ်းနေပြီး နှစ်အတော်ကြာ ပြန်လည်မွမ်းမံခြင်းမပြုလုပ်ပဲ စွန့်ပစ်ထားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသားအချို့က ထိုအဆောက်အအုံကို ငှမ်းရမ်းထားသည့် သတင်းများထွက်ပေါ်နေသည်ဟုလည်း ပြောကြားခဲ့သည်။

မြန်မာတော်လှန်ရေး အဖွဲ့များမှ အဖွဲ့ဝင် ၅၀,၀၀၀ ကျော်သည် မဲဆောက် ‌ဒေသအများအပြားတွင် အလုပ် လုပ်၍ နေထိုင်ခဲ့ကြောင်း Matichonအဆိုအရ သိရသည်။

အချို့မှာ စားသောက်ဆိုင်များ နှင့်စျေးဆိုင်များဖွင့်ကာ နေထိုင်ခဲ့ပြီး ဟိုတယ်နှင့် အိမ်ခြံမြေများတွင်လည်း ငှမ်းရမ်းပြီးနေထိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုင်းတာဝန်ရှိသူများက မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ပံ့ပိုးကူညီမှုများ ရရှိထားကြောင်း အခိုင်အမာပြောကြားထားသည်။

Source-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ