Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မော်ရိုကိုနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၁၂ဦးထိရှိလာ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၀ရက်

မော်ရိုကို နိုင်ငံတွင် စက်တင်ဘာလ ၈ရက်သောကြာနေ့ ညနေ့က အင်အားကြီးမြေငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ငလျင်ဒဏ်ကြောင့် စနေ့နေထိသေဆုံးသူ ၂၀၁၂ထိရှိပြီး ဒဏ်ရာရရှိသူ ၂၀၀၀ခန့်ရှိလာပြီဖြစ်ကြောင်းသိရသည်။

မြေငလျင်ပြင်းအားမှာ အဆင့် ၆.၈ ရှိပြီး ငလျင်ကြောင့် သေဆုံးရသူ စနေနေ့ညအထိ၂၀၁၂ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူ ၂၀၀၀ရှိခြင်းဖြစ်သည်။

မော်ရိုကိုဘုရင် မိုဟာမက်(၆)က တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း ကြေညာပြီး ငလျင်ဘေးမှ လွတ်မြောက်လာသူများအတွက် ခိုလှုံရာနေရာ၊ ရိက္ခာ နှင့် အကူအညီအထောက်ပံ့များ ပေးရန် တိုက်တွန်းထားသည်။

ငလျင်ဗဟိုပြုလှုပ်ခတ်ရာ နေရာမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မာရာကက်ရှ်မြို့ အနောက်တောင်ဘက် ၇၁ ကီလိုမီတာ(၄၄မိုင်) အကွာဖြစ်သည်။

လာမည့် သုံးရက်အတွင်း အများပြည်သူအဆောက်အဦးများတွင် အလံတိုင်ဝက် လွှင့်ထူထားရန် ဘုရင့်နန်းတော်က ကြေညာထားပြီး မော်ရိုကို စစ်တပ်က ဒုက္ခသည်များအား အကူအညီပေးရန် ဘုရင်က တိုက်တွန်းထားသည်။

ယခု ငလျင်မှာ ၁၉၆၀ ပြည့်နှစ်က အဂါဒီယာတွင် လူပေါင်း ၁၂၀၀၀ သေဆုံးခဲ့ရသော အင်အား ၆ ဒဿမ ၇ ရှိ ငလျင်လှုပ်ပြီးနောက်ပိုင်း အပြင်းထန်ဆုံးငလျင် ဖြစ်သည်ဟု သိရသည်။

Ref: Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ