Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ပါလီမန်ကို ထိုင်းအစိုးရ ဖျက်သိမ်း

မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ပါလီမန်ကို ထိုင်းအစိုးရ ဖျက်သိမ်း

ABN-ကျော်ဇံ

နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးမှုကို လျော့ချရန် အခွင့်အလမ်းတစ်ခု ဖန်တီးပေးနေသာ မေလတွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်လျှက် ထိုင်းအစိုးရ ဥပဒေတစ်ရပ်ဖြင့် တနင်္လာနေ့တွင် ပါလီမန် ကို ဖျက်သိမ်းခဲ့သည်။

မေလ ၇ သို့ ၁၄ ရက်တွင် ကျင်းပမည်ဟု ယူဆရသော ရွေးကောက်ပွဲအတွင်း နောက်ထပ် လုပ်ပိုင်ခွင့်ရရန် ကြိုးစားနေသော ဝန်ကြီးချုပ် ပရာယု ချန်းအိုချာ က အောက်လွှတ်တော် လေးနှစ်တာသက်တမ်း မကုန်မီ ရက်ပိုင်းအလိုတွင် ဤဖျက်သိမ်းမှုကို အစပျိုးခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို လာမည့်ရက်သတ္တပတ်တွင် ကြေငြာသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဘီလီယံနာ သက်ဆင် ရှင်နာဝတ် ကျောထောက်နောက်ခံပေးထားသည့် နာမည်ကျော် Phey Thai ပါတီက စစ်တပ်နှင့် အလွန်ရင်းနှီးပြီး ကင်ဆာဗေးတစ် စုဖွဲ့မှုကို ကိုယ်စားပြုသည့် ပါတီများကို အတိုက်အခံလုပ်ကာ ပြိုင်သွားမည်ဖြစ်သည်။

၂၀၀၁ ခုနှစ်ကပင် ရွေးကောက်ပွဲတိုင်းတွင် သက်ဆင် ကျောထောက်နောက်ခံပေးကာ ဦးဆောင်ထားသည့် ပါတီများက အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှုများ၊ ကင်ဆာဗေးတစ် တရားရေးအာဏာပိုင်များမှ မသင့်လျော်သော လုပ်ရပ်များ နှင့် စစ်တပ်ထောက်ခံသည့် ပါတီများကို မျက်နှာသာပေးရန် ဖန်တီးထားသည့် ရွေးကောက်ပွဲ ဥပဒေများက သက်ဆင်ဦးဆောင်သည့် ပါတီများကို ပိတ်ပင်ထားခဲ့သည်။

အထင်ကရ Pheu Thai ပါတီ၏ အမတ်လောင်းမှာ သက်ဆင်၏ သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် Paetongtarn Shinawatra ဖြစ်ပြီး ဆန္ဒမဲကောက်ခံရာတွင် အကြီးအကျယ် အနိုင်ရခဲ့သူလည်း ဖြစ်သည်။

အကယ်၍ ရွေးကောက်ပွဲတွင် အနိုင်ရပါက လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Shinawatra မိသားစု၏ လေးယောက်မြောက် မိသားစုဝင် ဖြစ်လာပါလိမ့်မည်။ သက်ဆင်မှာ ၂၀၀၁ မှ ၂၀၀၆ အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ဆင်၏ ညီမဖြစ်သူ Yingluck Shinawatra မှာ ၂၀၁၁ မှ ၂၀၁၄ အထိ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့သည်။ သို့ရာတွင် သူတို့နှစ်ယောက်လုံးကို အာဏာသိမ်းမှုများက ဖြုတ်ချခဲ့သည်။ သက်ဆင်၏ ယောက်ဖဖြစ်သူ Somchai Wongsawat က ၂၀၀၈ ခုနှစ်တွင် ခဏတဖြုတ်သာ တာဝန်ယူခဲ့ပြီး ထိုစဥ်က သက်ဆင် နိုင်ငံရေးလှုပ်ရှားမှု၏ အမည်ဖြစ်သော People’s Power Party ကို ဖျက်သိမ်းကာ တရားရုံးမှ Somchai Wongsawat ကို ရာထူးမှ ပယ်ရှားခဲ့သည်။

မဲဆန္ဒနယ် ၄၀၀ ကျော်တွင် နိုင်ငံ့လူဦးရေ ၆၆သန်းကျော်ထဲမှ ၅၂ သန်းကျော်မှာ မဲပေးပိုင်ခွင့်ရှိသည်။ မဲဆန္ဒနယ် တစ်ခုစီတွင် မဲအများဆုံးရသူကို ရွေးချယ်သည့် စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး အမတ်နေရာ ၄၀၀ အတွက် ပြုလုပ်သွားမည်ဖြစ်သည်။ နိုင်ငံတဝှမ်းရှိ အမျိုးသားပါတီများစာရင်းရှိ အောက်လွှတ်တော် အမတ်နေရာ ၁၀၀ အတွက် သီးခြားပါတီတစ်ခုချင်းစီမှ လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ အဖွဲ့ဝင်များကို ခန့်အပ်ထားသည့် ကင်ဆာဗေးတစ် စုဖွဲ့ပုံဖြစ်သော အထက်လွှတ်တော်အမတ် နေရာ ၂၅၀ နှင့် အသစ် ရွေးကောက်ခံကြသည့် အောက်လွှတ်တော် နှစ်ခုစလုံးပေါင်းထားသည့် လွှတ်တော်အစည်းအဝေးမှ ဆန္ဒမဲဖြင့် ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။

အင်္ဂါနေ့တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သော ပရာယုသည် ၂၀၁၄ ခုနှစ်တွင် စစ်ဦးချုပ်ရာထူးဖြင့် စစ်အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ဆက်ခံကာ Yingluck ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို ဖယ်ရှားခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်မပြိုင်ခဲ့သော်လည်း စစ်တပ်ထောက်ခံသည့် Palang Pracharath ပါတီက ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းပြီးနောက် ပါလီမန်က ပရာယု ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။

သို့ရာတွင် အချိန်ကာလကြာညောင်းစွာ ရဲဘော်ရဲဘက်တစ်ဦးဖြစ်သူ အသက် ၇၇ နှစ်အရွယ် ဒု ဝန်ကြီးချုပ် Prawit Wongsuwan မှာ Palang Pracharath ပါတီမှ ဝန်ကြီးချုပ်နေရာအတွက် အမည်တင်သွင်းခံ ထားရသည့် အမတ်လောင်း ဖြစ်လာပြီး ပရာယု မှာ ယခုနှစ်တွင် ထိုစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

လက်ရှိဖွဲ့စည်းပုံတွင် ပရာယုမှာ နောက်ထပ် ၂ နှစ်သာ ရာထူးဆက်ခံခွင့်ရှိသည်ဟု ပြီးခဲ့သည့် နှစ်တွင် တရားရုံးမှ ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပရာယုမှာ မကြာမီက ဖွဲ့စည်းလိုက်သည့် United Thai Nation ပါတီ သို့ ဝင်ရောက်ခဲ့သည်။ ထိုပါတီမှာ အတွေ့အကြုံနည်းပြီး ပရာယုကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရန် အောက်လွှတ်တော်တွင် အနည်းဆုံး အမတ်နေရာ ၂၅ နေရာခန့် နိုင်မည်၊ မနိုင်မည်ကို သိချင်နေကြသည်။ ပရာယု နှင့် ပရာဝတ် နှစ်ဦးစလုံးမှာ မဲအရေအတွက်ရရှိမှု အလွန် နည်းပါးလျှက်ရှိသည်။

ပရာယုက သူအနေဖြင့် Pheu Thai ပါတီနှင့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းရန် လက်ခံကြောင်း ပြောဆိုခဲ့ဖူးပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက စစ်တပ်နှင့် ဆက်နွယ်သော အမတ်လောင်းတစ်ဦးအတွက် စိတ်ပင်မကူးဝံ့သော ရာထူးနေရာတစ်ခုလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအတွင် ဒုတိယနေရာ ရရှိသည့် ပါတီများမှာ မည်သည့် ညွန့်ပေါင်းအစိုးတွင်မဆို ပါတနာများအဖြစ် ပူးပေါင်းရန် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိပြီး ၄င်းပါတီများထဲက အဓိက ပါတီတစ်ခုမှာ ငွေအင်အားတောင့်တင်းသည့် Bhumjaithai ပါတီဖြစ်ပြီး လူဦးရေထူထပ်သော ထိုင်းအရှေ့မြောက်ဒေသတွင် အခြေစိုက်ကာ အောက်လွှတ်တော် အမတ်နေရာများမှ အများစုကို အနိုင်ရထားသည်။

Bhumjaithai ပါတီ ခေါင်းဆောင် Anutin Charnvirakul မှာ နိုင်ငံရေးလောကက ကိုမဝင်ရောက်ခင်က ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်ပြီး ပရာယု အစိုးရလက်ထက်တွင် လက်ထောက် ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ကာ ကိုဗစ်ကာလအတွင်း အလွန်ထင်ရှားခဲ့သည်။

Anutin Charnvirakul နှင့် သူ၏ပါတီမှာ ဆေးခြောက် နှင့် ဆေးခြောက်ပါဝင်သည့်ပစ္စည်းများ တစိတ်တပိုင်း တရားဝင်ဖြစ်ရေး အတွက် စည်းရုံးလှုံ့ဆော်ခဲ့ခြင်းကြောင့် အလွန်လူသိများ ထင်ရှားလာပြီး စိုက်ပျိုးရေးကို အဓိက လုပ်ဆောင်ကြသည့် အရှေ့မြောက်ဒေသအတွက် အကျိုးရှိသော မူဝါဒကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

AP သတင်းပါ Grant Peck ၏ Thailand dissolves Parliament ahead of May elections ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ