AB News – ဇွန် ၁ ၊ ၂၀၂၅
ချန်ဒြာ
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်မှ တွီဒင်းကျေးရွာနှင့် ကာကီကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ကာ စစ်ဘေးရှောင်နေအိမ်အများအပြား ရေနစ်မြုပ်မျောပါသွားခဲ့ကြောင်း Paletwa IDPs and Humanitarian supporting ထံမှသိရှိရသည်။
ယမန်နေ့ ၊ မေလ ၃၁ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်ခန့်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကမ်းဘေးတွင် ဆောက်ထားသည့် တွီဒင်း စစ်ဘေးရှောင်စခန်းမှ နေအိမ် ၅၆ ဆောင်ခန့်နှင့် ကာကီ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၈၀ ဆောင်ခန့် ရေထဲနစ်မြုပ်မျောပါသွားခဲ့ကြောင်း သိရှိရသည်။
နေအိမ် နစ်မြုပ်မျောပါသွားသော စစ်ဘေးရှောင်များသည် ပလက်ဝဒေသတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့စဥ်က ပလက်ဝမြို့နယ်မှ တွီဒင်းရွာနှင့် ကာကီရွာသို့ လာရောက်စစ်ဘေးရှောင်ခိုလုံနေသူများဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် နေအိမ်ဆုံးရှုံးသွားသော မိသားစုများသည် ကျေးရွာအတွင်းရှိ ခန်းမဆောင်များနှင့် နီးစပ်ရာနေအိမ်များတွင် အရေးပေါ်ပြောင်းရွှေ့ခိုလှုံနေကြပြီး အရေးပေါ် အကူအညီလိုအပ်လျှက်ရှိကြောင်း လည်းသိရှိရသည်။
တစ်ဖက်တွင်လည်း လောင်တလိုင်မြို့တွင် မေလ ၃၀ ရက်နေ့ (သောကြာနေ့) ည ၁၀ နာရီ ၃၅ မိနစ်တွင် မြေပြိုကျမှုကြောင့် အဆောက်အဦးအများအပြား ပြိုကျပျက်စီးသွားခဲ့ရသည်။
ထိုအချိန်တွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်နေသော ရက္ခိုင်ကုန်သည် ၂၀ ခန့်အနက်မှ ၃ ဦး ပျောက်ဆုံးသွားခဲ့ပြီး တစ်ဦးမှာ မြေပြိုကျပြီး မကြာမီအချိန်တွင် မိမိကိုယ်တိုင် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။
စနေနေ့တွင်လည်း ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်ခဲ့ပြီး နေအိမ် ၅ ဆောင်ထိ မြေပြိုကျမှုထဲပါဝင်သွားကြောင်း Toggle navigationThe Week ၏ ဖော်ပြချက်အရသိရှိရသည်။


