Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မလေးရှားသွားသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်း-မလေး နယ်စပ်တွင်ဖမ်းဆီးခံရ

ABN – မေအိအိအောင်

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းနိုင်ငံနှင့် မလေးရှားနယ်စပ်တွင် ဖမ်းဆီးခံရကြောင်းသိရသည်။

ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ် ဟတ်ယိုင် ခရိုင်တွင် ယမန်နေ့ ဖေဖော်၀ါရီ ၂၄ ရက်နေ့တွင် Thung Tam Sao အရပ်ရှိ အထူးရဲတပ်ဖွဲ့ စစ်ဆင်ရေးဌာန အခြေစိုက်စခန်းတစ်ခု၏ အနောက်ဘက်တွင် ရပ်ထားသည့် ခြောက်ဘီးကားကို ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများမှာ စုစုပေါင်း ၁၀၁ ဦးဖြစ်ပြီး အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ယာဥ်မောင်း ထိုင်းအမျိုးသား Thanakon နှင့် ယာဥ်နောက်လိုက် Pradit နှစ်ဦးလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို ပရကျော့ဂီရိခန္ဓပြည်နယ်မှခေါ်ယူပြီး ဆုန်ခလာပြည်နယ် ဟတ်ယိုင် ခရိုင်သို့ ပို့ဆောင်ခဲ့ခြင်း​ဖြစ်ကြောင်း ထိုင်းအမျိုးသားယာဥ်မောင်းအား စစ်ဆေးမေးမြန်းချက်အရသိရကြောင်းနှင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား များမှာ တရားမ၀င်ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း ၎င်းတို့အားဖမ်းဆီးသည့် ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်မှုကြီး Chairat Kanchananate ဦးဆောင်သည့် အဖွဲ့ကပြောသည်။

မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ၆ ဘီး ထရပ်ကားကို တာပေါ်လင်စများဖုံးအုပ်ထားပြီး ကား၏ နောက်ခြမ်းတွင် သဲများလည်း တင်ဆောင်ထားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ