Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရေပိုင်နက်တွင် မြန်မာနိုင်ငံသား ၅ ဦးပါသည့် လှေတစ်စီးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရေပိုင်နက်တွင် မြန်မာနိုင်ငံသား ၅ ဦးပါသည့် လှေတစ်စီးဖမ်းဆီးခံရ

ABN-မေအိအိအောင်

မလေးရှားနိုင်ငံ ၊ ပီနန်ပြည်နယ် ရေပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၅ ဦးပါဝင်သည့် ငါးဖမ်း လှေ ၁ တစ်စီး ယနေ့ မတ်လ ၃၁ ရက် ညည့်သန်းခေါင်ယံအချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၅ ဦးပါသည့်လှေကို Muka Head၏ အနောက်မြောက်ဘက် ရေမိုင် ၃၂.၇တွင် မလေးရှား ရေကြောင်းကင်းလှည့်သင်္ဘောမှတွေ့ရှိခဲ့ပြီး ထိန်းသိမ်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ထိုလှေပေါ်တွင် လှေမောင်းသူ ၁ ဦးအပါအဝင် မြန်မာအလုပ်သား စုစုပေါင်း ၅ ဦးပါပြီး ၄င်းကို စစ်‌ဆေးရာတွင် တရားဝင်သက်သေအထောက်အထား စာရွက်စာတမ်း မတွေ့ရှိသဖြင့် လှေလိုင်စင် စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု မလေးကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် လှေအပါအဝင် အဆိုပါမြန်မာနိုင်ငံသား ၅ ဦးကို မလေးရှားပင်လယ်ရေကြောင်းစုံစမ်းစစ်‌ဆေးရေအရာရှိထံ မလွှဲပြောင်းမီ Batu Maung Limbonganဆိပ်ခံတံတားတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းဆည်းထားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ