Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီး၊ အချုပ်ထောင်တွင် ကျန်းမာရေးမကောင်း၍ သေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၂၃ရက်

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကျောက်တော်မြို့နယ် သဲပုန်ရွာမှ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးမကောင်၍ ဇွန်လ ၁၉ရက်နေ့က အချူပ်ထောင်ထဲတွင်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် ကျောက်တော်မြို့နယ် သဲပုန်ရွာမှ မမဲကျော့ဖြစ်သည်ဟုသိရသည်။

သူမသည် မလေးရှားနိုင်ငံ စလန်းကောပြည်နယ်၊ ကလန်းမြို့ရှိ စက်ရုံတွင်အလုပ်လုပ်ကိုင်နေစဥ်၊ အဆိုပါ စက်ရုံကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သူမ ဖမ်းဆီးခံခဲ့ရပြီးနောက်၊ ကာချမ်းမြို့အချုပ်ထောင်အတွင်း တရားရုံးစွဲချက်တင်ရန် စောင့်ဆိုင်းနေစဉ် ကျန်းမာရေးမကောင်းဖြစ်၍ ဇွန်လ ၁၉ရက်နေ့က ကာချမ်းမြို့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။

သူမပစ္စည်းများဖြစ်သော မလေးရှားရင်းဂစ်ငွေ ၂၆၁၁တိတိ Vivo လက်ကိုင်ဖုန်း၊ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းများကိုလည်း ယနေ့ ဇွန်လ ၂၃ရက်နေ့မှာ သက်ဆိုင်သူများထံ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ