Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မလေးရှားတွင် ရဲဝင်ဖမ်းရာမှ မြန်မာအမျိုးသမီး တစ်ဦး သေဆုံးပြီး ၈ဦးဖမ်းဆီးခံရ

မလေးရှားတွင် ရဲဝင်ဖမ်းရာမှ မြန်မာအမျိုးသမီး တစ်ဦး သေဆုံးပြီး ၈ဦးဖမ်းဆီးခံရ

ABN-ရှိုင်းမိုး

ဇူလိုင် ၃၀ ရက်

မလေးရှားနိုင်ငံ၊ ဆန်းဝေးမြို့တွင် ပြီးခဲ့သည့်အပတ်က မြန်မာစားသောက်ဆိုင်တစ်ဆိုင်ကို မလေးရှားရဲများဝင်ရောက်ရှာဖွေခဲ့သည့်အချိန်တွင် အလုပ်သမားများထွက်းပြေးကြပြီး၊ ထိုအထဲမှ မြန်မာအမျိုးသမီးတစ်ဦး လှေကားပေါ်က ပြတ်ကျ၍ သေဆုံးပြီး၊ ၈ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သေဆုံးခဲ့သည့်အမျိုးသမီးမှာ အသက် ၂၂နှစ်အရွယ် ရန်ကုန်မြို့မှ မရွှေစင်ထက် ဖြစ်ပြီး၊ သူမသည် ၎င်းအလုပ်လုပ်နေသည့် ဆန်းဝေးမြို့ရှိ မြန်မာစားသောက်ဆိုင်ကို ရဲဝင်ရှာရာတွင် ဆိုင်နောက်ဖက် လှေကားမှဆင်းပြေးရာ၌ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

ရဲများဝင်ရှာဖွေရာတွင် အဆိုပါမြန်မာစားသောက်ဆိုင်မှ စုစုပေါင်း မြန်မာပြည်သား ၈ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို ဇူလိုင် ၃၀ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ချဲရတ်ဂျလန်ကွာလီသုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်မည်ဟု ဆိုသည်။

ထို့အပြင် စွန်ကိုင်းပုလိုတွင် အလုပ်လုပ်ကိုင်နေသည့် မကွေးဒေသမှ အသက် ၄၁နှစ်အရွယ် ကိုကြည်အောင် သည်လည်း အဆုတ်ရောဂါဖြင့် ဆေးကုသနေရင်း သေဆုံးခဲ့သဖြင့် မရွှေဇင်ထက်နဲ့ တရက်တည်း အဆိုပါ သုဿန်တွင် နေ့လည် ၁၂ နာရီအချိန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုး ပြည်နယ်တွင် ရပ်တန့်ထားသည့် ကားတစ်စီးထဲတွင် မြန်မာပြည်သား ၃ဦး၏ ရုပ်အလောင်းများကို တွေ့ခဲ့ရကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ