Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မက္ကစီကန် နယ်စပ်မြို့ ဟွာရက်ဇ် တွင် အကျဥ်းထောင်ဖောက်တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၄ဦး သေဆုံး

မက္ကစီကိုမြောက်ပိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဟွာရက်ဇ်မြို့တွင် အကျဥ်းထောင်တစ်ခုကို လက်နက်ကိုင်တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၁၄ဦး သေဆုံးခဲ့ပြီး မြို့၏တစ်ခြားတစ်နေရာတွင်လည်း လက်နက်ဖြင့် ခုခံမှုကြောင့် ထပ်မံ၍ ၂ ဦး သေဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် မက္ကဆီကန်အာဏာပိုင်များမှ ပြောကြားခဲ့သည်။

အကျဥ်းထောင်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများမှာ ထောင်ဝန်ထမ်း ၁၀ဦးနှင့် အကျဥ်းထောင်သို့ ခေတ္တရောက်ရှိနေကြသည့် လူ ၄ ဦးဖြစ်ပြီး ၁၃ ယောက် ဒဏ်ရာရကာ အနည်းဆုံး လူ ၂၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟု ချီဟွာဟွာပြည်နယ် တရားလိုရှေ့နေ၏ ထုတ်ပြန်ချက်တစ်ခုတွင် ပါရှိသည်။

သို့ရာတွင် တိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တရားလိုရှေ့နေက အစောပိုင်းစုံစမ်းစစ်ဆေးမှုများအတွင်း တိုက်ခိုက်သူများသည် ဒေသစံတော်ချိန် မနက် ၇ နာရီခန့်တွင် အကျဥ်းထောင်သို့ သံချပ်ကာကားများဖြင့် ရောက်ရှိလာကြပြီး သေနတ်များဖြင့် ပစ်ခတ်သည် ကို တွေ့ရှိရကြောင်း ပြောသည်။

တိုက်ခိုက်မှုမခံရမီ မိနစ်အနည်းငယ်က အာဏာပိုင်များသည် မြူနီစီပယ် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုတစ်ခုရှိခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။

ရဲတပ်ဖွဲ့မှ လိုက်လံရှင်းလင်းပြီးနောက် လူလေးဦး ကိုဖမ်းဆီးကာ ထရပ်ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။

မြို့၏ တစ်ခြားတစ်နေရာတွင်လည်း ထပ်မံ၍ ယာဥ်မောင်း ၂ ဦး သေဆုံးခဲ့ပြီး အာဏာပိုင်များက လက်နက်ကိုင်ရန်ပြုသည့် လုပ်ရပ်ဟု ခေါင်းစဥ်တပ်သည်။

တရားလိုရှေ့နေ က ဤအမှုသုံးခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိ မရှိ အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ပြိုင်ဖက်စီးပွားရေးသမားနှစ်ဦး အကြား ရုန်းရင့်ဆန်ခတ်ဖြစ်ကာ အရပ်သားအများစုပါဝင်သည့် လူ ၁၁ဦးသေဆုံးခဲ့သော ဖြစ်ရပ်တစ်ခု အကျဥ်းထောင်တစ်ခုတွင်ဖြစ်ပျက်ခဲ့ပြီးနောက် သြဂုတ်လအတွင်း ရာနှင့်ချီသော မက္ကဆီကန်စစ်သားများကို ဟွာရက်ဇ်မြို့သို့ ပို့ဆောင်ခဲ့သည်။

Ref-Reuters သတင်းပါ At least 14 dead in armed attack on prison in Mexican border city Juarez

မက္ကစီကန် နယ်စပ်မြို့ ဟွာရက်ဇ် တွင် အကျဥ်းထောင်ဖောက်တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၄ဦး သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ