Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘီလာရုစ်တွင် နျူးကလီယား လက်နက် တပ်ဆင်ရန် ရုရှားသမ္မတ ပြောဆိုလိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်က သတိကြီးစွာဖြင့် တုံ့ပြန်

ဘီလာရုစ်တွင် နျူးကလီယား လက်နက် တပ်ဆင်ရန် ရုရှားသမ္မတ ပြောဆိုလိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်က သတိကြီးစွာဖြင့် တုံ့ပြန်

ABN-နွယ်စိုး

ရုရှားသမ္မတ ပူတင်က စနေ့နေတွင် ဘီလာရုစ်မှာ တာတိုပစ် နျူးကလီးယားလက်နက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ယူကရိန်းတွင် စစ်ရေးအရ ထောက်ပံ့ပေးနေသည့် နေတိုးတပ်ဖွဲ့ကိုလည်း သတိပေးချက်များ ပေးပို့ခဲ့ကြောင်း သိရသည်။

ယူကရိန်းကို ၁၃ လ ကျူးကျော်စစ်ပြီးနောက်ပိုင်း ရုရှား၏ အထင်ရှားဆုံး နျူးကလီးယား အချက်ပြမှု တစ်ခုဖြစ်ပြီး ထိုသို့ နျူးကလီးယားရွှေ့လက်နက်များကို ရွှေ့ပြောင်း နေရချခြင်းကြောင့် နျူးကလီးယားလက်နက်မပြန့်ပွားရေးကတိများကို ချိုးဖောက်မှာ မဟုတ်ကြောင်းကိုလည်း ပူတင်က ပြောကြားခဲ့သည်။

ကမ္ဘာ့နျူးကလီးယား အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ပူတင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတိထားဖို့ ပြောဆိုခဲ့ပြီး မော်စကိုအနေဖြင့် ၄င်း၏ နျူးကလီးယားလက်နက်အသုံးပြုရန် အစီအစဥ်မရှိကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပူတင်သည် အမေရိကန်တပ်၏ နျူးကလီးယားလက်နက်များကို ဥရောပတွင်ထားရှိမှုနှင့် နှိုင်းယှဥ်ကာ ရုရှားအနေဖြင့် ဘီလာရုစ်သို့ လက်နက်များကို ထိန်းချုပ်မှုကို လွှဲပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသည် ၁၉၉၀ ခုနှစ်အလယ်ပိုင်းကစပြီး ၄င်းနိုင်ငံ၏ပြင်ပတွင် နျူးကလီးယားလက်နက်များတပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်နိုင်သည်။

‘’ ဒီနေရာမှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး၊ ပထမဆုံး အမေရိကန်က ဒါကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်နေတာ၊ သူတို့ မဟာမိတ်နိုင်ငံတွေရဲ့ ပိုင်နက်မှာ သူတို့ရဲ့ နည်းဗျူးဟာမြောက် နျူးကလီးယားလက်နက်တွေကို နှစ်ရှည်လများ ချထားခဲ့တာကြာပါပြီ’’ ဟု ပူတင်က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို မချိုးဖောက်ဘဲ နည်းတူလုပ်ဖို့ ကျနော်တို့ သဘောတူပါတယ်။ ကျနော် နိုင်ငံတကာ နျူးကလီးယာလက်နက်မပြန့်ပွားရေး နိုင်ငံတကာ တာဝန်ဝတ္တရားတွေ မချိုးဖောက်ဘဲ အမေရိကန်နည်းတူလုပ်ဖို့ ကျွန်ုပ်တို့ သဘောတူပါတယ်”

နိုင်ငံရေး တင်းမာသော ရုရှားနိုင်ငံရေးသမားများနှင့် ဝေဖန်သုံးသပ်သူအချို့က နျူးကလီးယားလက်နက်ဖြင့် တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်ထက်ကျော်လွန်ပါက နျူးကလီယားလက်နက်ဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ် ပိုင်ခွင့်ရှိသည်ဟု ထင်ကြေးပေးခဲ့သည်။

‘’တာတိုပစ် နျူးကလီးယားလက်နက်များသည် မြို့များကို ချေးမှုန်းနိုင်သည့်စွမ်းရည်ထက် စစ်မြေပြင်တွင် သီးသန့်အမြတ်အစွန်းအတွက် အသုံးပြုသည့်အရာများဖြစ်သည်။

ရုရှားသည် အမေရိကန်နှင့်မတူပဲ ၄င်း၏ နယ်နိမိတ်ပြင်ပတွင် နျူးကလီးယားလက်နက်များ ဖြန့်ချထားခြင်း မရှိသည့်အတွက် ယခုအချိန်အထိ ဂုဏ်ယူမိကြောင်း ကျွမ်းကျင် သူများက Reutersသို့ ပြောကြားခဲ့သည်။

ရုရှားနှင့် ဘီလာရုစ်တို့သည် နျူးကလီယားလက်နက်များလွှဲပြောင်းရေးနှင့်ပတ်သက်၍ အချိန်အတော်ကြာအောင် ဆွေးနွေးနေကြကြောင်း အမေရိကန် အကြီးတန်း အုပ်ချုပ်ရေးအရာရှိက မှတ်ချက်ပြုခဲ့သည်။

NATO အဖွဲ့ဝင် ၃ နိုင်ငံဖြစ်သည့် ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားတို့ နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ဘီလာရုစ်သို့ လက်နက်များကို မည်သည့်အချိန်တွင် လွှဲပြောင်းပေးမည်ကို ပူတင်က ထုတ်ဖော်ခဲ့ခြင်းမရှိသေးပေ။ ရုရှားနိုင်ငံက ထိုနေရာတွင် သိုလှောင်ရုံတစ်ခု ဇူလိုင်လ ၁ ရက်နေ့ အပြီးအသတ်ဆောက်လုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားခြားခဲ့သည်။

“ရုရှားမှာ ဒီလက်နက် နဲ့ တပ်ဖွဲ့တွေ အများကြီးရှိတာကြောင့် နေတိုးကို ခြိမ်းခြောက်ဖို့ ပူတင်ရဲ့ ကစားပွဲ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟု အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ် နျူးကလီယား သတင်းအချက်အလက် ပရောဂျက်၏ ဒါရိုက်တာ Hans Kristensen က ပြောကြားခဲ့သည်။

ရုရှားက ၄င်း၏ ဘောလ်တစ် ကမ်းရိုးတန်းတွင် နေတိုးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နှင့် လစ်သူယေးနီးတို့ကြား နယ်စပ်ဖြစ်သော Kaliningrad ၌ နျူးကလီးယား ဒုံးကျည်များကို သိမ်းဆည်းထားကြောင်း အနောက်နိုင်ငံများက ဆိုသည်။

နျူးကလီးယားလက်နက်များ ဖျက်သိမ်းရေး နိုင်ငံတကာ ကမ်ပိန်းက ပူတင်၏ လက်နက်တပ်ဆင်ရန် ကြေညာချက်သည် အလွန်အန္တရာယ်များသော လုပ်ရပ်ဖြစ်ကြောင်း ဆိုခဲ့သည်။

ထို့အပြင် ရုရှားသည် ဘီလာရုစ်တွင်တာတာပစ်နျူးကလီယားလက်နက်များ သယ်ဆောင်နိုင်သည့် လေယာဥ် ၁၀ စင်းကို စခန်းချထားပြီး ဘီလာရုစ်သို့ နျူးကလီယားလက်နက် ပစ်လွှတ်နိုင်သော lskander တာတိုပစ် ဒုံးကျည် စနစ်များကို လွှဲပြောင်းပေးထားကြောင်း ပူတင်က ပြောကြားခဲ့သည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ