
AB News-စက်တင်ဘာ ၆ ရက်
အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က ဌာနေလူမျိုးများ နှင့် ချုပ်ဆိုသော စာချုပ်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့သည့်အတွက်ကြောင်း သေဆုံးခဲ့ရသော (Dakota) ဒါကိုတာလူမျိုး၏ လျှို့ဝှက်သင်္ချိုင်းနေရာများကို Minnesota ပြည်နယ်ပန်းခြံတစ်ခု၏ ရွှေရောင်လွင်ပြင်များနှင့် အကွေ့အကောက်များသောမြစ်များက ထိမ်းသိမ်းထားသည်။
ယခုချိန်တွင် သူတို့၏သားစဉ်မြေးဆက်များက ၎င်းမြေများကို ပြန်ရရှိပိုင်ဆိုင်နေပြီဖြစ်သည်။
စစ်ပွဲတစ်ခု နှင့် အစုလိုက်အပြုံလိုက် ကြိုးဆွဲချသေဆုံးမှုကိုဖြစ်စေခဲ့သည့် ဖြစ်ရပ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးစားလျက် Dakota မျိုးနွယ်ထံသို့ နာကျဉ်းစရာသမိုင်းကြောင်းအခံရှိသော ၎င်းပန်းခြံကို ပြန်လည်လွှဲပြောင်းပေးရန် လုပ်ဆောင်မှု၌ အမေရိကန်ပြည်ထောင်စုသည် ရှားရှားပါးပါးလုပ်ဆောင်မှုကို ပြုလုပ်လျက်ရှိသည်။
“ဒါဟာ အစုလိုက်အပြုံလိုက်သေသွားကြတဲ့နေရာပဲ။ ကျွန်တော်တို့ရဲ့ လူတွေဟာ အဲဒီမှာနေရာမှာပဲ ငတ်သေကုန်ကြတယ်” လို့ Upper Sioux Community (ပန်းခြံအပြင်ဘက်မှာနေကြတဲ့ လူဦးရေ ငတ်သေကုန်ကြတဲ့ ၅၅၀ လောက်ရှိလူမျိုးစု) ၏ ဥက္ကဌ Kevin Jensvold က ပြောသည်။
Minnesota အနောက်တောင်ပိုင်းရှိ Upper Sioux Agency State Park သည် စတုရန်းမိုင် ၂ မိုင် (၅ စတုရန်း ကီလိုမီတာခန့်) ကျယ်ဝန်းပြီး အာဏာပိုင်များက အထောက်အပံ့ပစ္စည်းများကို Dakota မျိုးနွယ်များထံသို့ မရောက်ရှိအောင် သိမ်းဆည်းထားခဲ့သည့် ပြည်ထောင်စုအဆောက်အဦး တစ်ခု၏ အပျက်အစီးများလည်း ပါဝင်သည်။
၎င်းလုပ်ရပ်က Dakota လူမျိုးများကို ငတ်မွတ်မှု နှင့် သေဆုံးမှုများ ဖြစ်စေခဲ့သည်။
Minnesota Historical Society ထုတ်ပြန်ချက်အရ အခြေချနေထိုင်သူ-ကိုလိုနီနယ်ချဲ့များနှင့် ဒါကိုတာလူမျိုး အုပ်စုတစ်စုအကြားရှိ ဆယ်စုနှစ်များစွာကြာ တင်းမာမှုများသည် ၁၈၆၂ ခုနှစ် အမေရိကန်-ဒါကိုတာ စစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အမေရိကန်ဖက်မှ စစ်ပွဲအနိုင်ရပြီးနောက် အစိုးရသည် နိုင်ငံတွင်းရှိ အခြားသော ကွပ်မျက်မှုထက် လူများကို ကြိုးပေး ကွပ်မျက်ခဲ့သည်။
ပန်းခြံမှ မိုင် ၁၁၀ (၁၇၇ ကီလိုမီတာ) အကွာတွင်ရှိသော Mankato တွင် သေဆုံးခဲ့သော ဒါကိုတာ အမျိုးသား ၃၈ ဦးအတွက် အောက်မေ့ဖွယ် အခမ်းအနား တစ်ခုပြုလုပ်ကြသည်။
Jensvold မှ သူသည် ပန်းခြံအား ၎င်း၏မျိုးနွယ်ထံ ပြန်လည်ပေးအပ်ရန် နိုင်ငံတော်အား ၁၈ နှစ်ကြာ တောင်းဆို ခဲ့သည်ဟုဆိုသည်။
ထိုချိန်က ၎င်းတို့ဘိုးဘေးများ၏ သင်္ချိုင်းသို့သွားရောက် လည်ပတ်မှုတိုင်းအတွက် ဒါကိုတာလူမျိုးများသည် နိုင်ငံတော်အား အခကြေးငွေပေးဆောင်ရန် လိုအပ်သည် ဆိုသည်မှာ တရားမျှတမှုမရှိကြောင်း မျိုးနွယ်စုအကြီးအကဲတစ်ဦးမှ သူ့အား ပြောပြသောအချိန်အတည်းက သူ စတင်ခဲ့ခြင်းဖြစ်သည်။
ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်၊ အထက်လွှတ်တော် နှင့် အုပ်ချုပ်ရေး မှူးရုံးများကို ဒီမိုကရက်များက လွှဲပြောင်းရယူခဲ့သည့်အချိန် ယခုနှစ်အတွင်း အဆိုပါအပြောင်း အရွှေ့ကို တရားဥပဒေမှ ခွင့်ပြုခဲ့ကြောင်း Standing Rock Nation ၏ မျိုးဆက်ဖြစ်သော ဒီမိုကရက် ပြည်နယ်လွှတ်တော်အမတ် Mary Kunesh က ပြောကြားခဲ့သည်။
လယ်ယာမြေများကို မည်ကဲ့သို့ သိမ်းယူကြောင်းနှင့် သဘောတူညီချက်များကို မကြာခဏ လိုက်နာခြင်းမရှိကြောင်းကို လူအများ ပိုမိုနားလည်သဘောပေါက်စေရန် မတရားမှုများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုနေကြသည့် မျိုးနွယ်စုများက ကူညီပေးခဲ့ကြောင်း Kunesh က ပြောကြားခဲ့သည်။
မှန်ကန်တဲ့အရာတွေကို လုပ်တာတွေ၊ မျိုးနွယ်စုများထံသို့ မြေများပြန်လည်ရရှိရေးတွေမှာ လူတွေက ပို၍စိတ်ဝင် စားပုံရတယ်လို့ Kunesh မှ ထပ်လောင်ပြောကြားခဲ့သည်။
သို့သော် ပြောင်းရွှေ့မှုသည် ခရီးသွားများနည်းပါးပြီး Granite ရေတံခွန်ရှိသည့် အနီးနားရှိမြို့အတွက် ဝင်ငွေနည်းမည်ဟု မြို့တော်ဝန် Dave Smiglewski က ပြောကြားခဲ့သည်။ လွှဲပြောင်းပေးရာတွင် ဆုံးရှုံးသွားသော မြေယာများကို အစားထိုးရန်အတွက် နိုင်ငံတော်အတွက် ရန်ပုံငွေအဖြစ် လွှတ်တော်ကိုယ်စားလှယ်များက ဖယ်ထားသော်လည်း၊ အပန်းဖြေနယ်မြေနှင့် သမိုင်းဝင်နေရာများကို လူအနည်းစုအား မပေးဘဲ အများပိုင်ဖြစ်သင့်သည်ဟု သူ နှင့် အခြားပြိုင်ဖက်များက ပြေဆိုကြသည်။
ပန်းခြံတွင် တောင်တက်လမ်းများ၊ စခန်းချနေရာများ၊ ပျော်ပွဲစားစားပွဲများ၊ ငါးဖမ်းခွင့်များ၊ နှင်းလျှောစီးခြင်းများနှင့် မြင်းစီးသည့်လမ်းကြောင်းများအပြင် ပူပြင်းသောနွေရာသီ၌ တိုက်ခတ်သည့်လေထဲတွင် ကခုန်နေသော တောရိုင်းပန်းပွင့်များနှင့်အတူ ရှည်လျားသောမြင့်မားသောမြက်ခင်းများလည်းရှိသည်။
“သမိုင်း၏မတရားမှုများနှင့်အညီ အရာရာကိုမှန်ကန်စေလိုသောသူများသည် အခြားအကျိုးဆက်များကို မစဉ်းစားဘဲ ဤကဲ့သို့သောလုပ်ရပ်ကို ထောက်ခံရန် မကြာခဏ လှုံဆော်ခံရတတ်သည်” ဟု Smiglewski မှပြောကြားခဲ့သည်။
အများစုမဟုတ်ရင် နိုင်ငံပိုင်ပန်းခြံတွေတော်တော်များများဟာ ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေအတွက် အလားတူမြင့်မြတ်တဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါဆို ဘယ်မှာ ရပ်မှာလဲ”
မကြာသေးမီနှစ်များအတွင်း၊ အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျရှိ မျိုးနွယ်စုအချို့သည် Land Back လှုပ်ရှားမှု ကြီးထွားလာခြင်းနှင့်အတူ ဘိုးဘွားပိုင်မြေများကို ပြန်လည်ပေးအပ်သော ၎င်းတို့၏လုပ်ပိုင်ခွင့်များကို ရရှိခဲ့ ကြသည်။
အမျိုးသားဥယျာဉ်အား အမေရိကန်အစိုးရမှ မျိုးနွယ်စုတစ်ခုထံသို့ မည်သည့်အခါမှ လွှဲပြောင်းခြင်းမပြုဖူး သော်လည်း Minnesota မြောက်ပိုင်းမှ Grand Portage National Monument၊ Arizona မှ Canyon de Chelly အမျိုးသားရုပ်ပွားတော်ကြီးနှင့် Alaska မှ Glacier Bay အမျိုးသားဥယျာဉ်တို့ အပါအဝင်၊ လက်တစ်ဆုပ်စာ လောက်ကို မျိုးနွယ်စုများနှင့် ပူးပေါင်းလုပ်ဆာင်နိုင်ခဲ့သည်ဟု The National Park Service မှ Jenny Anzelmo-Sarles က ပြောကြားခဲ့သည်။
Minnesota ပြည်နယ်ပန်းခြံကို ဌာနေအမေရိကန်လူမျိုးများထံသို့ လွှဲပြောင်းပေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု Minnesota State Parks and Trails at Department of Natural Resources ၏ ဒါရိုက်တာ Ann Pierce က ပြောကြားခဲ့ပါသည်။
Minnesota ၏အပြောင်းအရွှေ့သည် ပြီးမြောက်ရန် နှစ်များစွာကြာမည်ဟု မျှော်လင့်ရပြီး ကိစ္စရပ်များစွာပါဝင်သော ကြီးမားသည့် ဥပဒေကြမ်းများထဲတွင် ထည့်သွင်းထားသည်။
အဆိုပါဥပဒေကြမ်းများသည် 2033 ခုနှစ်တွင် လွှဲပြောင်းမှုလွယ်ကူစေရန် ဒေါ်လာ (6) သန်းကျော်ကို ခွဲဝေပေးသည်။ အဆိုပါငွေများကို အပန်းဖြေစရာ အခွင့်အလမ်းများနှင့်အတူ မြေဝယ်ရန် နှင့် လမ်းနှင့်တံတားဖြိုဖျက်ခြင်း နှင့် အခြားဆောက်လုပ် ရေးများအတွက် ပေးဆောင်နိုင်သည်။
ရီပတ်ဘလစ်ကန်အမတ် Chris Swedzinski နှင့် အထက်လွှတ်တော်အမတ် Gary Dahms တို့သည် ပန်းခြံကို လွှမ်းခြုံထားသော ပြည်နယ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသော ရီပတ်ဘလီကန်အမတ်များက လွှဲပြောင်းမှုနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်များကို မှတ်ချက်ပေးရန် ၎င်းတို့၏ လက်ထောက်များမှတဆင့် ငြင်းဆိုခဲ့သည်။
သူတို့က လွှဲပြောင်းမှုအတွက် ဒေါ်လာ (၅) သန်းခွဲဝေပေးမည့် အဓိကဥပဒေကြမ်းကို ကန့်ကွက်မဲပေးခဲ့ကြသည်။ ၎င်းမဲမှာ ပါတီလိုင်းပေါ်တွင် အဓိကရှိနေပြီး ဒီမိုကရက်တစ်များ၏ ထောက်ခံမှု အပြည့်ဖြင့် အောင်မြင်ခဲ့သည်။
ဤပဋိပက္ခများမှာ လူမျိုးစုအနိုင်ရမှုသည် ရှားရှားပါးပါးဖြစ်သော်လည်း မြေယာလွှဲပြောင်းမှုသည် အောင်ပွဲတစ်ခု ဖြစ်ကြောင်း Jensvold က ပြောကြားခဲ့သည်။
ကျွန်တော်တို့က သေးငယ်တဲ့ လူမျိုးစုတစ်ခုပဲ “မဖြစ်နိုင်တဲ့အစွန်းမှာ တရွေ့ရွေ့ ရွှေ့လျားနေတဲ့ အရာတစ်ခုကို ကျွန်တော်တို့ ပြီးမြောက်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
Ref: Tribe getting piece of Minnesota back more than a century after ancestors died there/AP