သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘန်ကောက်တွင် KNU သို့ ပို့မည် လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

AB News – ဧပြီ ၂၆၊၂၀၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လတ်စီခရိုင်၊ ထုန်းဆုန်ဟုန်မြို့နယ်မှ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် ကရင်အမျိုးသားအစည်းရုံး KNUထံသို့ပို့ဆောင်မည် လက်နက်ခဲယမ်းများကို ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထုန်းဆုန်ဟုန်မြို့နယ်၊ ဆွိုင်ချိန်းဝတ္တနာ ၁၂ လမ်းသွယ် ၂ ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် စစ်လက်နက်များ သိုဝှက်ထားသည်ဟု သတင်းရရှိထားခြင်းကြောင့် ထုန်းဆုန်ဟုန်မှ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ လက်နက်နှင့် ကျည်ကတ်များကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသည့် တိုက်ခန်းတွင် နေထိုင်သူမှာ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စပြီး အခန်းမှထွက်ခွာသွားကာ ယခုအချိန်ထိ ပြန်မလာသေးဟု ကွန်ဒိုအဆောက်အဦးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ထိုင်းသတင်းဌာနတွင်ဖော်ပြသည်။

ပြီးခဲ့သည့်ဧ​ပြီလ ၂၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ Khlong Chonprathanလမ်းပေါ်၌ KNU သို့ ပို့​ဆောင်မည် လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းနိုင်ငံသား နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ