Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘန်ကောက်တွင် တရုတ်နိုင်ငံသား နိုက်ကလပ်ပိုင်ရှင်တစ်ဦး၏ပိုင်ဆိုင်မှုများကို ရဲတပ်ဖွဲ့ကသိမ်းဆည်း၊ ထိုင်းဘတ်ငွေ ၁၅၀ သန်း ခန့် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံဘန်ကောက်မြို့ ရန်နဝါခရိုင်ရှိ တရားမဝင်နိုက်ကလပ်တစ်ခု၏ ပိုင်ရှင် ပိုင်သောဘတ်သန်း၁၅၀ခန့်တန်ဖိုးရှိ ပိုင်ဆိုင်မှုအများအပြားကို ထိုင်းရဲများသိမ်းဆည်းခဲ့သည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံသားပိုင် နိုက်ကလပ်ဖြစ်သည့်Jin Ling တွင်မူးယဇ်ဆေးဝါးပွဲကျင်းပနေစဉ် တရုတ်နိုင်ငံသားအများစုပါဝင်သော ဖောက်သည် ၁၀၄ ဦးကို ရဲများကဖမ်းဆီးခဲ့ကြောင်းသိရသည်။

နိုက်ကလပ်ကိုတရုတ်ပိုင်ရှင်တစ်ဦးမှ တရားမဝင်လုပ်ကိုင်သည်ဟု သံသယရှိသောကြောင့် ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

နောက်ထပ်စုံစမ်းစစ်ဆေးမှုတစ်ခုကိုလည်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။ ထိုစုံစမ်းစစ်ဆေးမှုတွင်ဘန်ကောက်မြိုကန့်ဆန်ခရိုင် Soi Somdet Chao Phraya ၁၇ လွှာပေါ်ရှိဇီခံကွန်ဒိုမီနီယံတစ်ခုကိုလည်းရှာဖွေတွေ့ရှိခဲ့သည်။

Jin Ling နိုက်ကလပ်တွင်ရပ်ထားသည့်တရုတ်နိုင်ငံသားအသက်၂၁နှစ်အရွယ် Wang Zhen Nan၏ပိုင်ဆိုင်မှုကွန်ဒိုကိုစုံစမ်းစစ်ဆေးရေးအရာရှိများကခြေရာခံခဲ့သည်။

၎င်းကွန်ဒိုတွင်ဘတ် ၁၉သန်း တန်ဖိုးရှိသောငွေသားသေတ္တာတစ်လုံး၊ ဘတ်၂သိန်းတန်ဖိုးရှိသော တန်ဖိုးကြီးဝိုင်ပုလင်းများ၊ Rolls-R Cycleနှစ်စီး၊ Mercedes-Maybach၊Mercedes Benz AMG နှင့်အခြားအများအပြားကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့သည်။

မော်တော်ယာဉ်များကိုလည်း တရားဝင်မှတ်ပုံတင်ထားခြင်းရှိ၊ မရှိရဲတပ်ဖွဲကစစ်ဆေးလျက်ရှိသည်။ သိမ်းဆည်းရမိသောပိုင်ဆိုင်မှုပမာဏမှာ ထိုင်းဘတ်ငွေသန်း ၁၅၀ ခန့်ရှိကြောင်းရဲတပ်ဖွဲ့ထံမှသိရသည်။

Wang Zhen Nan သည်ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး ရာဇဝတ်မှုမှတ်တမ်းမရှိကြောင်းရဲတပ်ဖွဲ့ကပြောကြားထားသည်။

၎င်း၏ကိုယ်ပိုင်လေယာဉ်သည် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် အောက်တိုဘာ၂၆ရက် ကတည်းကနိုင်ငံတွင်းမှ ထွက်ခွာခဲ့ပြီး၊ ၎င်း၏တည်နေကိုမသိရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ